ပြင်သစ် အသင်း ဟိုတယ် အပြင်မှာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရတဲ့ အထုတ်တစ်ခု တွေ့ရှိ


=========================================
ပြင်သစ် အသင်းနဲ့ ပေါ်တူဂီ အသင်းတို့ ကစားမယ့် ယူရို ၂၀၁၆ ဗိုလ်လုပွဲ မတိုင်မီ နာရီ အနည်းငယ် အချိန် အတွင်း ပြင်သစ် အသင်း ဟိုတယ် အပြင်မှာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရတဲ့ အထုတ်တစ်ခု တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သံသယဖြစ်ဖွယ် ပစ္စည်းကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ယူဆောင်သွားနိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲရစ်မြို့ ပူးမန်းဟိုတယ် အနီးတစ်ဝိုက်မှာ ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုလို့ ယူဆရတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အနေအထားတွေ ဖြစ်ပြီးနောက်မှာတော့ လမ်းတွေလည်း ပိတ်ထားရကြောင်းလည်း သတင်းများက ဆိုပါတယ်။ 

YPA

SkyNet Sports Channel
ပြင်သစ် အသင်း ဟိုတယ် အပြင်မှာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရတဲ့ အထုတ်တစ်ခု တွေ့ရှိ ပြင်သစ် အသင်း ဟိုတယ် အပြင်မှာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရတဲ့ အထုတ်တစ်ခု တွေ့ရှိ
Reviewed by SwaiSon on 10:06 PM Rating: 5

No comments