မွန်ပြည်နယ် ချောင်းဆုံမြို့တွင် ရန်ကုန်တိုင်း ဒလရဲစခန်း အပိုင်မှ မိန်းမအား ဓါတ်ဆီလောင်း မီးရှို့ခဲ့သူ တရားခံပြေး တစ်ဦး ဖမ်းမိ
-------------------------------------------------------------------------
ကရင်ဝင်းထိန်ရွာနေ မောင်ဇော် (ခ) ဇော်နိုင် နေအိမ်တွင် လူစိမ်းတစ်ယောက် ရောက်ရှိနေကြောင်း ဒလမြို့နယ်မှ မိန်းမအား ဓါတ်ဆီလောင်း မီးရှို့ထွက်ပြေးခဲ့သူ တရားခံပြေး ဖြစ်ကြောင်း အမာခံ သတင်းအရ တာဝန်မှုး ရဲအုပ်ခင်မောင်ဇော် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လှိုင်မင်းသန်း တပ်ကြပ်မြင့်ခိုင် တို့ အဖွဲ့အား စခန်းမှုးမှ တာဝန်ပေး စေလွှတ်ခဲ့ရာ ၄င်းအိမ်တွင် စိုးဝင်း (ခ) အာကူးဘိုင် (ဘ) ဦးလှမြင့် (မိ) ဒေါ်လှလှမြင့် (ခ) ဒေါ်ဘေဘီ အမှတ် (၉၂၄) မေခ (၃) လမ်း ညောင်ကုန်း ရပ်ကွက် နေသူအား ဖမ်းဆီး၍ ခေါ်ယူစစ်ဆေးခဲ့။
စစ်ဆေးချက်အရ ၈.၇.၂၀၁၆ ရက်နေ့ နေ့လည် ၁၂:၀၀ ခန့်က ဇနီးဖြစ်သူ မဝင်းဝင်းစိုးအား ဓါတ်ဆီလောင်း မီးရှို့ ထွက်ပြေးခဲ့သူ ဖြစ်ကြောင်း သိရှိရသည့် အပြင် ၄င်း၏ ယာဘက် ခြေသလုံးတွင် မီးလောင်ဒဏ်ရာများပါ တွေ့ရှိခဲ့ရပါသည်။
အထက်ပါ စုံစမ်း သိရှိချက်အရ ဒလမြို့မ ရဲစခန်းနှင့် ဆက်သွယ် စုံစမ်းရာ ၄င်းရဲစခန်းတွင် (ပ) ၃၁၃ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှု့ဖွင့် အရေးယူထားသူ ဖြစ်ပြီး ရဲမှ လိုက်လံဖမ်းဆီးစဉ် ထွက်ပြေးလာကြောင်း သိရှိရသဖြင့် အထက်ပါ တရားခံအား ဆေးကုသမှု့ ပေးထားပြီး သက်ဆိုင်ရာ ရဲစခန်းမှ တရားခံအား လွှဲပြောင်း ရယူနိုင်ရန် အကြောင်းကြား ထားရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။
ဟန်ကို ဟန်ကို
မွန်ပြည်နယ် ချောင်းဆုံမြို့တွင် ရန်ကုန်တိုင်း ဒလရဲစခန်း အပိုင်မှ မိန်းမအား ဓါတ်ဆီလောင်း မီးရှို့ခဲ့သူ တရားခံပြေး တစ်ဦး ဖမ်းမိ
Reviewed by SwaiSon
on
10:18 PM
Rating:
No comments