အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ ဇနီးသည်ကို သတ်ဖြတ်


Sunday, July 10, 2016

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နမ့်ပေါ်အော့ (ရွာဟောင်း) တွင် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၆ နာရီက အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ ဇနီးသည်ကို အသက် ၄၅ နှစ်အရွယ် ခင်ပွန်းက ဓားဖြင့် သတ်ဖြတ်ခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းသန်းက ပြောကြားသည်။

အသတ်ခံရသူမှာ အသက် ၄၄ နှစ်အရွယ် ဒေါ်အားဘမှာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေပြီး ဓားဖြင့် လည်ပင်း လှီးသတ်ဖြတ်သူ ခင်ပွန်းကို ကျေးရွာအနီးရှိ တောအတွင်းပင် ပြန်လည် ဖမ်းမိခဲ့ကြောင်း၊ ဇနီးသည်ကို ဓားဖြင့် သတ်ဖြတ်သော အသက် ၄၅ နှစ်အရွယ် ဦးအားဖော့ကို ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

“သူတို့သမီးတောင် အသက် ၂ဝ ရှိပြီ၊ မူးယစ်ဆေးကြောင်ပြီး တစ်ပေလောက်ရှိတဲ့ ဓားမနဲ့ လည်ပင်းကို နောက်ကနေ လှီးသတ်လိုက်တာ၊ ဒီဒေသမှာ ဖြစ်တဲ့လူသတ်မှု အားလုံးနီးပါးက မူးယစ်ဆေးကြောင်ပြီး ဖြစ်တာတွေချည်းပဲ”ဟု၎င်းက ပြောဆိုသည်။

The Voice 

ဓာတ်ပုံ - KM
အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ ဇနီးသည်ကို သတ်ဖြတ် အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ ဇနီးသည်ကို သတ်ဖြတ်
Reviewed by SwaiSon on 8:49 PM Rating: 5

No comments