ရန်ကုန်မြို့ပတ်ရထားစီးနင်းခ ၂၀၀ကျပ်တန် လသုံးစနစ်ဖြင့် ပေးချေနိုင်ပြီ


****************************************
ရန်ကုန်၊ ဇူလိုင် ၆ - 
ရန်ကုန်မြို့ ပတ်ရထားစီးနင်းခပေးချေခြင်းကို ၂၀၀ ကျပ်တန် လသုံးစနစ်ဖြင့်ပေး ချေနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီး ရထားလုပ်ငန်းမှ သိရသည်။

ယခင်ကမြန်မာ့မီးရထားလုပ် ငန်းအနေဖြင့် မြို့ပတ်ရထားစီးနင်း ခပေးချေခြင်း ကို ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်သာ လသုံးစနစ်ဖြင့် ပေးချေ ခွင့်ပြုခဲ့ပြီး မြို့ပတ်ရထားစီး နင်းခကို မိုင်နှုန်းဖြင့်ကောက်ခံခြင်း ကြောင့် ခရီးသည်များအဆင်ပြေရန် အတွက် ၂၀၀ ကျပ်တန်လသုံးစနစ် ကိုပါ ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားလုပ်ငန်း၊ အ မှတ်(၇) (သွားလာရေး/တိုင်း) တိုင်း မန်နေဂျာ ဦးကျော်စိုးလင်းက "၅၀ ကနေ ၁၀၀ တိုးကောက်လို့ အခြေခံ လူတန်းစာတွေ အတွက်မကြည့်ဘူးလို့ မထင်ပါနဲ့။ တစ်ဖက်ကနေ စဉ်းစား ပေးထားတာက လသုံးလက်မှတ်ပါ။ လသုံး လက်မှတ်က အသွားအပြန် စီးနိုင်ပါတယ်။ ၁၀၀ တန်ဝယ်စီး မယ်ဆိုရင် တစ်လကိုကျပ် ၃၃၅၀ ပဲကျမှာပါ။ အတူတူပါပဲ၊ ၅၀ ပဲပေး ရတဲ့သဘောပဲဖြစ်သွားမယ်။ အရင် က ၂၀၀ တန်ကို လသုံးမပေးထားပါ ဘူး။ ၀င်ငွေလျော့သွားမှာစိုးလို့ပါ။ စနစ်ပြောင်းလိုက် တဲ့အခါမှာ ခရီး သည်တွေကို အဆင်ပြေအောင် ၂၀၀ ကျပ်တန်ကို လသုံးခွင့်ပြုလိုက်တာ ပါ" ဟုပြောသည်။

မြို့ပတ်ရထားစီးနင်းခကို ၁၀၀ ကျပ်တန် လသုံးစနစ်ဖြင့် စီးနင်းပါ က တစ်လ လျှင် အသွားအပြန်ကျပ် ၃၃၅၀၊ ၂၀၀ ကျပ်တန်လသုံး စနစ် ဖြင့်စီးနင်း ပါက တစ်လလျှင် အသွား အပြန်ကျပ် ၆၇၀၀ သာကျသင့်မည် ဖြစ်ကြောင်း သိရ သည်။

မြို့ပတ်ရထားတစ်ရက်ရထား စီးနင်းသည့်ပျမ်းမျှခရီးသည်ဦးရေ ၇၂၅၀၀ ခန့်ရှိပြီး ၁၀၀ ကျပ်တန်စီး နင်းသည့်ခရီးသည်ပျမ်းမျှ သုံးသောင်း ကျော်ခန့်နှင့် ၂၀၀ ကျပ်တန်စီးနင်း သည့် ခရီးသည်လေးသောင်းခန့်ရှိ ကြောင်း သိရသည်။

ACKK
#Democracytoday
ရန်ကုန်မြို့ပတ်ရထားစီးနင်းခ ၂၀၀ကျပ်တန် လသုံးစနစ်ဖြင့် ပေးချေနိုင်ပြီ ရန်ကုန်မြို့ပတ်ရထားစီးနင်းခ ၂၀၀ကျပ်တန် လသုံးစနစ်ဖြင့် ပေးချေနိုင်ပြီ Reviewed by SwaiSon on 9:10 PM Rating: 5

No comments