၂၀၁၅ ခုနှစ်ရဲ. အလန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီး (၁၀) ဦး

အဲ့ဒီထဲကမှ ၂၀၁၅ ခုနှစ်ရဲ. အလန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီး (၁၀) ဦး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ။ ဘယ်သူတွေဖြစ်မယ်ဆိုတာ ကြည့်ကြရအောင် ။

အာရှတိုက်တွင်းက ရုပ်ရှင်လောကတွေထဲမှာဆိုရင် တရုတ်ရုပ်ရှင်လောကက ထွက်ရှိတဲ့ ဇာတ်ကားတွေဟာလည်း ကမ္ဘာနဲ့တလွှား အထူးအောင်မြင်လှပါတယ် ။ ဒါကြောင့်မို့လည်း တရုတ်မင်းသား ၊ မင်းသမီးတွေဟာ  လူသိများထင်ရှားပြီး အထူးစိတ်ဝင်စားခြင်း ခံရပါတယ်။ အချို.သော ဟောလိဝုဒ်ဇာတ်ကားတွေမှာ ဆိုရင်လည်း ဦးဆောင်ပါဝင်ခွင့်ရနေကြပြီး ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ၂၀၁၅ ခုနှစ်ရဲ. အလန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီး (၁၀) ဦး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ။ ဘယ်သူတွေဖြစ်မယ်ဆိုတာ ကြည့်ကြရအောင် ။

၁၀. CRYSTAL LIU YI FEI

Liu Yi Fei ဟာ ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတစ်ဦးဆိုတာ ငြင်းစရာ မရှိပါဘူး ။ သူမဟာ ၁၉၈၇ ခုနှစ်မှာ မွေးဖွားပြီး အကမယ် ၊ အဆိုတော် နဲ့ မော်ဒယ်တစ်ဦးလည်းပဲ ဖြစ်ပါတယ် ။ သူမ အသက် ၁၀ နှစ်အရွယ်မှာ New York မြို.မှာ နေထိုင်ခဲ့ကာ ၂၀၁၂ ခုနှစ်မှာ တရုတ်ပြည်ကို ပြန်လာခဲ့ပြီး အနုပညာလောကကို ဝင်ရောက်ခဲ့ပါတယ် ။ သူမဟာ အောင်မြင်ထင်ရှားတဲ့ တရုတ်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရိုက်ကူးတဲ့ “The Forbidden Kingdom” ဟာ အအောင်မြင်ဆုံးပါပဲ ။

၉. BARBIE HSU

Barbie Hsu ဟာ ထိုင်ဝမ်မှာ အလွန်လူသိများတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ် ။ သူမဟာ အဆိုပိုင်းမှာရော သရုပ်ဆောင်ခြင်းမှာပါ ထူးချွန်သူတစ်ဦးပါ ။၂၀၁၅ ခုနှစ်ရဲ. ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီး စာရင်းထဲမှာ Barbie Hsu ဟာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ် ။ သူမပထမဦးဆုံး ပါဝင်သရုပ်ဆောင်တဲ့ Meteor Garden ဇာတ်ကားနဲ့အတူ လျှမ်းလျှမ်းတောက် အောင်မြင်မှုကို ရရှိခဲ့ပါတယ် ။

၈. CECILIA CHEUNG

၁၉၈၀ ခုနှစ်မှာ မွေးဖွားတဲ့ Cecilia Cheung ဟာ ဟောင်ကောင်မင်းသမီး ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ လီမွန်တီး ကြေငြာတစ်ခုကို လက်ခံရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ်မှာတော့ အအောင်မြင်ဆုံး ဖြစ်နေခဲ့ပါပြီ ။ နောက်ပိုင်းမှာတော့ သူမရဲ. ပုံရိပ်တွေဟာ မီဒီယာတွေမှာ ထင်ရှားခဲ့ပြီး ယနေ့ထိ တောက်ပလျှက်ပါပဲ ။

၇. ZHANG XIN YU

ယခုပြောဆိုနေတဲ့ အလန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီးစာရင်းထဲမှာ

သဘာဝအတိုင်း လှပနေတဲ့ Zhang Xin Yu ဟာ ပါကိုပါသင့်သူတစ်ဦးပါ ။ သူမဟာ လက်ရှိမှာ အဆိုတော် ၊ မော်ဒယ်နဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်နေပါတယ် ။ ၂၀၀၇ ခုနှစ်မှာ ရိုက်ကူးတဲ့ The Banner Horror ဇာတ်ကားမှာ သူမဟာ အရံသရုပ်ဆောင် အဖြစ်စတင်ပါဝင်ရိုက်ကူးခဲ့ပါတယ် ။ “If You Are the One 2” ဇာတ်ကားနဲ့အတူ သူမရဲ.အမည်ဟာ မီဒီယာတွေပေါ်မှာ ထင်ရှားလာခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူမဟာ လူသိများထင်ရှားပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ် ။

၆. GAOYUANYUAN

GaoYuanyuan ဟာ လှပပြီး အလွန်ဆွဲဆောင်မှုရှိတဲ့ တရုတ်မင်းသမီးရယ်လို့ လူသိများလှပေမယ့် သူမဟာ တရုတ်ပြည်မကြီးက အခြားမင်းသမီးတွေလို အနုပညာဆိုင်ရာ ဘွဲ့ ဒစ်ပလိုမာ တစ်ခုမှ ရရှိထားခြင်း မရှိပါဘူး ။ သူမဟာ သရုပ်ဆောင်လုပ်ဖို့ မွေးဖွားလာတာလို့ တင်စားပြောဆိုခံရပြီး Meadow Gold Ice-cream ကြေငြာမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ အဲ့ဒီဇာတ်ကားနောက်ပိုင်းမှာတော့ သူမဟာ ဇာတ်ကားပေါင်းများစွာမှာ အရံအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး မင်းသားကြီး ဂျက်ကီချမ်းက မင်းသမီးအဖြစ် ခေါ်ယူရိုက်ကူးခဲ့ချိန်မှစ နာမည်ကျော်မင်းသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ် ။

၅. FAN BINGBING

Fan Bingbing ဟာ အလှဘုရင်မရယ်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ တရုတ်မင်းသမီးတစ်ဦးပါ ။ သူမရဲ. ဘဝနေထိုင်မှုပုံစံဟာလည်း အလွန်ဆွဲဆောင်မှု ရှိပြီး ၂၀၁၅ ခုနှစ်ရဲ. ဆွဲဆောင်မှု အရှိဆုံးမင်းသမီး စာရင်းမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ် ။ Fan Bingbing ကို ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အနုပညာလောကကို ၁၉၉၈ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ကာ ဝင်ရောက်ကာစမှာကထဲက အလွန်ထင်ရှားကျော်ကြား ခဲ့ပါတယ် ။ လက်ရှိမှာ သူမဟာ သရုပ်ဆောင်အဖြစ်သာမက ထုတ်လုပ်သူ နဲ့ ပေါ့ပ် အဆိုတော်တစ်ဦး အဖြစ်လည်း ရပ်တည်နေပါတယ် ။

၎. KITTY ZHANG YU QI

Zhang Yu Qi ဟာ ဒီစာရင်းထဲမှာပါတဲ့ အခြားမင်းသမီးတွေနဲ့ ယှဉ်ရင် မျက်နှာသစ်မင်းသမီးလို့ ဆိုနိုင်ပါတယ် ။ ၂၀၀၇ ခုနှစ်မှာ သူမဟာ မင်းသား Stephen Chow နဲ့တွဲဖက်ပြီး ဟောင်ကောင်ဇာတ်ကားဖြစ်တဲ့ CJ7 ဇာတ်ကားမှာပါဝင်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ် ။ သူမ အသက် ၁၅ နှစ်အရွယ်မှာ ရှန်ဟိုင်းမှာ ရှိတဲ့ သရုပ်ဆောင်သင်တန်းမှာ တက်ရောက်ခဲ့ပါသေးတယ် ။ The Longest Night ဆိုတဲ့ ဇာတ်ကားဟာ သူမဟာ အရံတစ်ယောက်အနေနဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ Stephen Chow က အဓိကမင်းသမီးဖြစ်အောင် လက်တွဲခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။

၃. JIANG QINQIN

ယခုစာရင်းရဲ. တတိယနေရာမှာ ရှိနေတဲ့ တရုတ်မင်းသမီးကတော့ Jiang Qinqin ပဲ ဖြစ်ပါတယ် ။ သူမကို တီဗီအစီအစဉ်မှာ ဖြစ်စေ အခမ်းအနားတွေမှာ ဖြစ်စေ ဆွဲဆောင်မှု ရှိတဲ့သူ တစ်ဦးအဖြစ် မြင်တွေ့ရမှာပါ ။ သူမကို ဒီလောကထဲမှာ အအောင်မြင်ဆုံးနဲ့ အထင်ရှားဆုံး ဖြစ်စေခဲ့တဲ့ ဇာတ်ကားကတော့ Tears in Heaven ဖြစ်ပါတယ် ။

၂. ZHANG ZIYI

၁၉၇၉ ခုနှစ်မှာ မွေးဖွားပြီး မယုံနိုင်စရာကောင်းလောက်အောင် ယနေ့ထိတိုင် ဆွဲဆောင်မှု ရှိနေသေးတဲ့ တရုတ်မင်းသမီးကြီးကတော့ Zhang Ziyi ပဲ ဖြစ်ပါတယ် ။ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ သူမဟာ အထင်ရှားဆုံး တရုတ်မင်းသမီးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ် ။ သူမဟာ အကပညာကို သင်ကြားဖို့ အသက် ၁၁ နှစ်သမီးထဲက အကသင်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး ၊ တဖြည်းဖြည်းနဲ့ မော်ဒယ် ၊ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ် ။

၁. JING TIAN

Jing Tian ဟာ ငယ်ရွယ်ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ တရုတ်မင်းသမီး ဖြစ်ပါတယ် ။ သူမဟာ ၁၉၈၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး Warring States, Special ID နဲ့ Police Story ဇာတ်ကားတွေနဲ့ အောင်မြင်မှုရရှိခဲ့ပါတယ် ။ ဆယ်ကျော်သက်ဘဝမှာ သူမဟာ ဘေဂျင်း အကကျောင်းနဲ့ ရုပ်ရှင်ကျောင်းကို တက်ရောက်ခဲ့ပါတယ် ။ အဲ့ကျောင်းတွေကနေ ဘွဲ့ရပြီးနောက်မှာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ် ။

 

Ref : allbesttop10

၂၀၁၅ ခုနှစ်ရဲ. အလန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီး (၁၀) ဦး ၂၀၁၅ ခုနှစ်ရဲ. အလန်းဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံး တရုတ်မင်းသမီး (၁၀) ဦး Reviewed by SwaiSon on 6:35 AM Rating: 5

No comments