မြန်မာနှင့်ထိုင်း ခြေစမ်းပွဲ လက်မှတ်များ ကြိုတင် ရောင်းချမည်
*****************************************
အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် လာမည့် ဇူလိုင်လ ၉ ရက်နေ့ ညနေ(၅း၀၀)နာရီ အချိန်၊ မန္တလေးမြို့ မန္တာလာသီရိ အားကစား ကွင်းကြီးတွင် အစဉ်အလာ ပြိုင်ဘက် ထိုင်း အမျိုးသမီး အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ခြေစမ်းပွဲအတွက် လက်မှတ်ခ နှုန်းထားမှာ အထူးတန်း ၂၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁၀၀၀ ကျပ် ဖြစ်ပြီး အောက်ပါ နေရာများ တွင် ရောင်းချ ပေးသွားမည် ဖြစ်ပါသည်။
စတင် ရောင်းချမည့်နေ့ -
၇၊ ၇၊ ၂၀၁၆ မှ ၈၊ ၇၊ ၂၀၁၆ ရက်နေ့ထိ
ရောင်းချမည့် နေရာများ -
ဗထူး အားကစားကွင်းနှင့် မြန်မာ ဘောလုံး အကယ်ဒမီကျောင်းရှေ့
Myanmar Football Federation
မြန်မာနှင့်ထိုင်း ခြေစမ်းပွဲ လက်မှတ်များ ကြိုတင် ရောင်းချမည်
Reviewed by SwaiSon
on
6:05 AM
Rating:
No comments