နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace Hotel ၌ နိုင်ငံခြားသားတစ်ဦး သေဆုံး
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace Hotel ၌ အသက် (၅၉) နှစ်အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦး ဇွန် ၂၉ ရက်နေ့ညက သေဆုံးလျှက်တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ Royal Ace Hotel ပုဂံဆောင်၊ အခန်းအမှတ် (၁၆၃၃) တွင် တည်းခိုသော နိုင်ငံခြားသားတဦး သေဆုံနေကြောင်း ဒက္ခိဏသီရိမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်တိုင်တန်းသဖြင့် စခန်းမှူး ရဲအုပ် ကျော်ခိုင်၊ ဒု-ရဲအုပ် ဝေယံအောင်တို့ သွားရောက်စစ်ဆးရာ အိန္ဒိယနိုင်ငံသား စိုက်ပျိုးရေးပညာရှင် မစ္စတာ Nageswara Rao Vajaha (ပတ်စပို့နံပါတ်-H3673663) သည် အခန်းတွင်းရှိ ကုတင်ပေါ်၌ ကန့်လန့်ဖြတ် ပက်လက်လှန်အနေအထားဖြင့် နှာခေါင်းမှ
သွေးများယိုစီးလျှက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
credit: ထွန်း(နေပြည်တော်) News Watch
နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ Royal Ace Hotel ၌ နိုင်ငံခြားသားတစ်ဦး သေဆုံး
Reviewed by SwaiSon
on
9:12 PM
Rating:
No comments