မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူလူကြီးမင်းများ သိရှိနိုင်ရေး

============================= ဒီကလေးက ကျွန်တော်တို့ သားလေးပါ ။ ၁၃.၂.၂၀၁၅ ရက်နေ့ ည ၁၀း၃၀ခန့်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး ၁၄.၂.၂၀၁၅ မနက် ၅နာရီ ၂၃မိနစ်မှာ ကွယ်လွန်သွားပါတယ်။ တိုက်တဲ့ ယာဉ်အမျိုးစားက SKAT နီညိုရောင် မြေကြီးသယ်ယာဉ်ပါ ယာဉ်အမှတ်က 7G/ 7985 ဖြစ်ပြီး ယာဉ်ပိုင်ရှင်က Myanmar new power ရွှေတိဂုံဘုရားလမ်း ကလို့ သိရပါတယ်။ အမှုကိုင်က ရဲအုပ်ဇော်နိုင်ဦး ပါ ယာဉ်ထိန်း နယ်မြေ ၇ ကပါ။ ဖြစ်စဉ်က ဒီလိုပါ တရားခံ မမိဘူး ထွက်ပြေးနေတယ် တရားရုံးကလည်း ကျွန်တော်တို့ မိသားစုကို အသိပေးမှု မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ထားတဲ့ ကားကို အာမခံ ပေးလိုက်ပါတယ် ။ ယနေ့၂၇ .၆. ၂၀၁၆ ရက်နေ့အထိ ယာဉ်တိုက်မှုတွင် ပါဝင်သူများကို ခေါ်ယူ စစ်မေးခြင်း မရှိပါဘူး။ လက်ရှိအချိန်အထိ တရားခံ မမိသေး ပါဘူး။ အမှုလည်းမစစ်သေးပါဘူး၊ ကျွန်တော်က ဆိုက္ကားနင်းပါတယ် ဘယ်လိုနေရာမျိုးကို ဘယ်ကိုတိုင်ရမလဲဆိုတာ မသိပါဘူး ကျွန်တော်တို့ သားလေးသေဆုံးမှုမှာ မတရားမှု ဖြစ်ပြီး အသိပညာ နည်းပါးသော ကျွန်တော်တို့ မိသားစုကို အနိုင်ကျင့်တယ်လို့ ခံစားရ ပါတယ် နားလည်သူများ...တတ်သိကျွမ်းကျင်တဲ့လူကြီးမင်းတို့ အနေဖြင့် အကူညီပေးစေလိုပါတယ် ကွယ်လွန်သူ...မောင်ကောင်းခန့် ဘခင် အမည်....အောင်ဇော်ဝင်းထိုက် လေးစားစွာဖြင့် .အောင်ဇော်ဝင်းထိုက် အမှတ် ၅၄၉ ....ကရုဏာ ၃ လမ်း... ဋ/ရပ်ကွက် ... မြောက်ဥက္ကလာပမြို့နယ် ဖုန်းနံပါတ် 09450048402ပါ credit ရွှေတံခါးမှူး ပေးပို့သူ..အောင်ဇော်ဝင်းထိုက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူလူကြီးမင်းများ သိရှိနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူလူကြီးမင်းများ သိရှိနိုင်ရေး Reviewed by SwaiSon on 3:51 AM Rating: 5

No comments