အာဂျင်တီးနားနိုင်ငံမှာ မက်ဆီပုံတူရုပ်တုကို ဖွင့်လှစ်ပြသ

 **********************************************************
ကမ္ဘာ့အကောင်းဆုံးကစားသမားလီယွန်နယ်မက်ဆီရဲ့ပုံတူရုပ်တုကို သူ့မွေး
ရပ်မြေအာဂျင်တီးနားမှာ အင်္ဂါနေ့ကဖွင့်လှစ် ပြသလိုက်ပါတယ်။မြို့တော်
ဗျူနိုအေရိစ်မှာရုပ်တုပြသမှုဟာ တိုက်စစ်မှူးမက်ဆီရဲ့ နိုင်ငံလက်ရွေးစင်ကစား
သမားဘ၀ကအနားယူမယ့်ဆုံးဖြတ်ချက်ကိုပြန်သုံးသပ်စေနိုင်လိမ့်မယ်လို့
 မြို့တော်ဝန်ဟိုရာစီယိုရိုဒရီဂွက်ဇ်လာရက်တာက ပြောပါတယ်။  "လီယိုရဲ့
ဆုံးဖြတ်ချက်တွေပြောင်းဖို့ ဒီရုပ်တုကအထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ အာဂျင်တီးနားပရိသတ်တွေက ဒီကိုလာပြီးရုပ်တုနဲ့အမှတ်တရဓာတ်ပုံတွေ
ရိုက်၊ဆိုရှယ်မီဒီယာတွေပေါ်တင်ကြပါလိမ့်မယ်။ဒါကိုလီယိုမြင်ပါလိမ့်မယ်။ သူရှိနေမယ့်အာဂျင်တီးနားအသင်းဟာရုရှားကမ္ဘာ့ဖလားမှာအောင်မြင်မှုယူနိုင်
မယ်ဆိုတာသံသယမရှိပါဘူး"လို့ မြို့တော်ဝန်လာရက်တာကဆိုပါတယ်။ 
အာဂျင်တီးနားဟာပြီးခဲ့တဲ့ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာလက်ရှိချန်ပီယံ ချီလီကိုပင်နယ်တီနဲ့ရှုံးပြီး ပထမဆုံးပင်နယ်တီကိုလွဲချော်ခဲ့တဲ့မက်ဆီက
လက်ရွေးစင်ကစားသမားဘ၀ကအနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မက်ဆီရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ဖို့ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ
အာဂျင်တီးနားအသင်းသားတွေကလည်းတောင်းဆိုထားကြပါတယ်။ 
ဖန်ချည်မျှင်တွေ၊ပိုလီအက်စတာအမျှင်တွေနဲ့ဖန်တီးထားတဲ့ မက်ဆီရုပ်တု
ကိုမြို့တော်ရဲ့ကော်စတာနီရာဆာပန်းခြံကနိုင်ငံ့ဂုဏ်ဆောင်အားကစားသမား
တွေကိုဂုဏ်ပြုတဲ့နေရာမှာထားရှိတာဖြစ်ပါတယ်။
CNB
အာဂျင်တီးနားနိုင်ငံမှာ မက်ဆီပုံတူရုပ်တုကို ဖွင့်လှစ်ပြသ အာဂျင်တီးနားနိုင်ငံမှာ မက်ဆီပုံတူရုပ်တုကို ဖွင့်လှစ်ပြသ
Reviewed by SwaiSon on 12:47 PM Rating: 5

No comments