အာဖရိကတိုက်တွင် ထွန်းလင်းတောက်ပလာတော့မည့် မြတ်ဗုဒ္ဓ၏သာသနာ
အာဖရိကတိုက် ယူဂန်ဒါနိုင်ငံ အာဖရိကန်ဗုဒ္ဓဘာသာစင်တာ၏ သိမ်နှုတ်သိမ်သမုတ်ပွဲကို
မြန်မာ ထိုင်း သီရိလင်္ကာ အိန္ဒိယ ဂျာမဏီ မက္ကစီကို ဘင်္ဂလားဒေ့ရှ် အမေရိကန် ယူဂန်ဒါ ရဝမ်ဒါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆောင်ရွက်တော်မူကြပါသည်။
မြန်မာပြည်မှ သူငယ်တော်တောရဆရာတော်ကြီးနှင့် ဦးဣန္ဒပါလ၊ သီတဂူကျောင်းထွက်အရှင်အာဒိစ္စ၊ IBEC ဆရာတော်တို့ ကြွရောက်ပါဝင်ကြပါသည်။
နိမိတ်ကြားခြင်းကိစ္စများကို မြန်မာပြည်ကိုယ်စားပြုဆောင်ရွက်ခဲ့ပြီး ယူဂန်ဒါ၏ ပထမဆုံးသမုတ်သော သိမ်အဖြစ်မှတ်တမ်းတင်ခဲ့သလို အဆိုပါသိမ်မှာ ရှင်သာမဏေနှစ်ပါးနှင့် ရဟန်းတစ်ပါး စတင်ပေါ်ထွန်းခဲ့ပါသည်။
သာသနာခုနှစ် ၂၅၆၀၊ မြန်မာခုနှစ် ၁၃၇၈ခုနှစ် နယုန်လပြည့်ကျော် (၄)ရက် သောကြာနေ့
24.6.2016
Credit----- Principal Ibec
အာဖရိကတိုက်တွင် ထွန်းလင်းတောက်ပလာတော့မည့် မြတ်ဗုဒ္ဓ၏သာသနာ
Reviewed by SwaiSon
on
11:08 PM
Rating:
No comments