ကျောင်းသူတစ်ဦးစာခိုးချလို့ ထောင်ဒဏ်ချ
ဇွန် ၂၇ ။
ပြန်လည်စစ်ဆေးတဲ့စာမေးပွဲမှာ ကျရှုံးခဲ့တဲ့ အိန္ဒိယကျောင်းသူတစ်ဦးကို စာခိုးချမှုနဲ့ ထောင်ဒဏ်ချမှတ် ခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ် ရူဘီရွိုင်းဟာ ဘီဟာ ပြည်နယ်အဆင့် စာမေးပွဲတွေမှာ အဆင့် ၁နဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်သံအင်တာဗျူးတစ်ခုမှာတော့ သူ့ရဲ့ အဓိကမေဂျာဖြစ်တဲ့ နိုင်ငံရေးသိပ္ပံ ( political science ) ဘာသာရပ်ကို (prodikal science) လို့ အသံထွက်ပြောကြားခဲ့ပါတယ်။ ဒီအသံထွက်အရ ဟင်းချက်နည်းကို ဆိုလိုရာရောက်ခဲ့ပါတယ်။
သည်ဗီဒီဖိုင်ဟာ ပျံ့နှံ့သွားပြီးတဲ့နောက် မစ္စရွိုင်းဟာ စာမေးပွဲတွေပြန်ဖြေခဲ့ရပါတယ်။ပြန်လည်စစ်ဆေးမှုမှာ ကျရှုံးခဲ့ပြီးတဲ့နောက်သူ့ရဲ့မူလရလဒ်တွေကို ဖျက်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရုံးတင်စစ်ဆေးခဲ့ပြီးတဲ့နောက် ရာဇဝတ်တရားသူကြီးက သူ့ကို ဇူလိုင် ၈ ရက်နေ့အထိထောင်သွင်းအကျဉ်းချထားဖို့ အမိန့်ချခဲ့ပါတယ်။
သူဟာ အသက်မပြည့်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ့ကိုကလေးသူငယ်တွေထိန်းသိမ်းတဲ့ ဂေဟာမှာသာထိန်းသိမ်းသင့်တယ်လို့ ထင်ကြေးပေး ဝေဖန်မှုတွေထွက်ပေါ် ခဲ့ပါတယ်။
ကျောင်းသားကျောင်းသူတွေကို ပြစ်ဒဏ်ပေးမယ့်အစား တာဝန်ခံနိုင်တဲ့စနစ်တစ်ရပ်ကို ဖော်ဆောင်ဖို့အာဏာပိုင် တွေအနေနဲ့စဉ်းစားသင့်တယ်လို့ ပြည်နယ်ဝန်ကြီးတစ်ဦး ကပြောပါတယ်။
သိပ္ပံဘာသာရပ် စာမေးပွဲမှာပထမအဆင့်ကနေ အောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ H2O ကိုရေလို့မပြောနိုင်တဲ့ ဆူရာဘာရှရက်စ်သာ အပါအဝင်စာမေးပွဲမှာအမှတ်တွေ ကောင်းခဲ့တဲ့ တခြားကျောင်းသူကျောင်းသားတွေကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
နောက်ထပ် ကျောင်းသား ၁၈ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောပြချက်ကိုကိုးကားပြီး အေအက်ဖ်ပီ ကဖော်ပြထားပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်တွေကို ကြည့်ပြီး အထိတ်တလန့်တောင်ဖြစ်မိတယ်လို့ မစ္စရွိုင်း ကို ပြန်လည်စစ်ဆေးတဲ့ ဆရာ၊ ဆရာမတွေကဆိုပါတယ်။
အခုနှစ် စာမေးပွဲမှာ ခိုးချတာတွေကို လျှော့ချဖို့ရည်ရွယ်ပြီး စာခိုးချခဲ့ရင် ငွေဒဏ်ချမှတ်တာ နဲ့ ထောင်ဒဏ်ချမှတ်တာတွေလိုမျိုး ပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်သွား မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Ref: BBC;
Kumudra
မအေးသီမွန်
ကျောင်းသူတစ်ဦးစာခိုးချလို့ ထောင်ဒဏ်ချ
Reviewed by SwaiSon
on
4:45 AM
Rating:
No comments