မြန်မာ ထိုင်း အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးတဲ့ Bangkok To Mandalay ရုပ်ရှင် အောက်တိုဘာလကုန်ပိုင်းမှာ ရုံတင်ပြသမယ်


--------------------------------------------------------------------------------------
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလကုန်ပိုင်း မှာ ရုံတင်ပြသသွားမှာဖြစ်ကြောင်း ယင်းဇာတ်ကားကိုရိုက်ကူးတဲ့ မိုးကောင်းကင် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပိုင်ရှင် ဦးစူဝမ်းက The Voice ကို ပြောကြားပါတယ်။
“ ဒီကားကို မြန်မာနိုင်ငံမှာတော့ အောက်တိုဘာလနောက်ဆုံးပတ်လောက် မှာရုံတင်မယ်။ ထိုင်းမှာကတော့ မြန်မာနိုင်ငံမှာ ရုံတင်ပြီး တစ်ပတ်၊ နှစ်ပတ် အကြာလောက်မှ ပြမယ်။ ဈေးကွက်ရှာဖွေတဲ့ အပိုင်းကိုတော့ ထိုင်း ဘက်က ကုမ္ပဏီကို လွှဲထားတယ်။ မြန်မာနိုင်ငံမှာတော့ လွတ်တဲ့ ရုံမှာရုံတင်မှာပေါ့" လို့ ယင်းရုပ်ရှင် ဇာတ် ကား အကြောင်းကို ၎င်းကထပ်လောင်း ပြောဆိုပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ပုံစံတွေက မြန်မာ ပရိသတ်တွေ မြင်နေကျ ပုံစံတွေနဲ့ တော့ ကွဲထွက်နေမှာ ဖြစ်ပြီး မည်မျှ အတိုင်းအတာအထိ အောင်မြင်မှုရမည်ဆိုတာကိုတော့ ရုံတင်ပြသပြီး တော့ မှပဲ သိရမှာဖြစ်ကြောင်း ထုတ်လုပ်သူ ဦးစူဝမ်းက ပြောကြားပါတယ်။
“ဒီဇာတ်ကား ရဲ့ ကုန်ကျစရိတ်ကတော့ ကိုယ်တို့ ဆီမှာရိုက်နေကျ ဇာတ်ကားတွေထက် ကိုးဆ၊ ဆယ်ဆလောက် တော့ ကုန်တာပေါ့။ အဓိက ကတော့ ကိုယ်တို့ဆီက သရုပ်ဆောင်တွေရဲ့ အရည်အချင်းကိုလည်း ထိုင်းက ပရိ သတ် တွေလည်း သိသွားစေချင်လို့ ရိုက်ဖြစ်တာပါ။ ကိုယ်တို့ရုပ်ရှင်ဈေး ကွက်က ကျဉ်းတယ်လေ။ ဈေးကွက်ချဲ့ဖို့ ကျတော့ ကိုယ်တို့ ချည်းပဲမရ ဘူးလေ။ သူတို့ရဲ့ အားပါယူရတာပေါ့" လို့ ၎င်းကဆိုပါတယ်။
ထိုင်းနိုင်ငံမှ Magenta Media Creation နဲ့ မြန်မာနိုင်ငံမှ မိုးကောင်းကင် ရုပ်ရှင်ထုတ်လုပ်ရေး တို့ ပူးပေါင်း စီစဉ်တဲ့ Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကိုတော့ ထိုင်းဒါရိုက်တာ Charichai Ketnust က ရိုက်ကူးပြီး နာမည်ကျော်သရုပ်ဆောင် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည် နဲ့ ထိုင်းမင်းသမီး Nan Whan တို့ပါဝင်သရုပ်ဆောင် ထားပါတယ်။
#The Voice
မြန်မာ ထိုင်း အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးတဲ့ Bangkok To Mandalay ရုပ်ရှင် အောက်တိုဘာလကုန်ပိုင်းမှာ ရုံတင်ပြသမယ် မြန်မာ ထိုင်း အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးတဲ့ Bangkok To Mandalay ရုပ်ရှင် အောက်တိုဘာလကုန်ပိုင်းမှာ ရုံတင်ပြသမယ် Reviewed by swaison.com on 8:48 PM Rating: 5

No comments