အိမ်ထောင်ရှိ အမျိုးသားနဲ့ ချစ်ကြိုက်နေတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးကို လူမြင်ကွင်းမှာ အုပ်စုဖွဲ ရိုက်နှက် ( ရုပ်သံ )
ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ Anhui ပြည်နယ် Bozhou ဒေသမှာဖြစ်ခဲ့တာပါ။ အဲဒီဒေသရဲ့ လူမြင်ကွင်းလမ်းမထက်မှာ အမျိုးသမီး ၄ ယောက်လောက်က ဒီအမျိုးသမီးငယ်ကို အော်ဟစ်ကြိမ်းမောင်းပြီး ရိုက်နှက်နေခဲ့ပါတယ်။ အမျိုးသမီးငယ်ရဲ့ အပေါ်ပိုင်ကိုလည်း အရှက်ရစေအောင် ဆွဲချွတ်ထားကြပြီး တစ်ယောက်တစ်လှည့် ဆိုသလို ရိုက်နှက်နေကြတာကို ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။ ဒီမြင်ကွင်းကို လမ်းသွားလမ်းလာတွေက မြင်တွေ့ ကြပေမယ့် ဘယ်သူမှ ၀င်မဆွဲ မတားပဲ ဖုန်းကင်မရာများနဲ့ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဒီအမျိုးသမီးငယ်ဟာအိမ်ထောင်ရှိ အမျိုးသားတစ်ဦး နဲ့ ဖောက်ပြားတယ်ဆိုပြီး စွပ်စွဲချက်နဲ့ အခုလို လူမြင်ကွင်းမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာပါ။ အမျိုးသမီးငယ်ကတော့ သူမ ရဲ့ အရှက်ကို လုံအောင်ထိန်းနေရုံမှလွဲပြီး ဘာမှ တုန့်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။
#TZ
#TZ
အိမ်ထောင်ရှိ အမျိုးသားနဲ့ ချစ်ကြိုက်နေတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးကို လူမြင်ကွင်းမှာ အုပ်စုဖွဲ ရိုက်နှက် ( ရုပ်သံ )
Reviewed by SwaiSon
on
4:57 AM
Rating:
Reviewed by SwaiSon
on
4:57 AM
Rating:
No comments