Online ပေါ်က အယောင်ဆောင်ချစ်သူကြောင့် ရက်ရက်စက်စက် အမဲဖျက်ခံလိုက်ရတဲ့ ကျွန်မ သင်ခန်းစာယူပေးကြပါနော် (ဖြစ်ရပ်မှန်)
စာရေးသူ - မင်းသွေးငယ်(ရာမညမြေ)
မေမေရေ
သမီးမှာ အရမ်းချစ်ရတဲ့ ချစ်သူရှိနေပြီ
Facebook ကနေ ခင်ခဲ့တဲ့ သူနဲ့
(၃) နှစ်တာကာလ သမီးရည်းစားဘဝမှာ အမေ့ဆန္ဒအတိုင်း အပျိုစင်မိန်းမသား တစ်ယောက်ရဲ့ ကျင့်ဝတ်စည်းမျဉ်း ဂုဏ်ယူစွာ စောင့်ထိန်းနိုင်ခဲ့တယ်မေမေ
သူသမီးကို သူ့ဓါတ်ပုံအစစ်တွေ ပြတယ် သူရဲ့မိဘအလုပ်အကိုင် ကိုယ်ရေးကိုယ်တာအချက်အလက်အသေးစိတ်ကအစ သူအကုန်အစင် သက်သေနဲ့တကွ ပြောပြတယ်
Facebook ကျေးဇူးကြောင့် ချစ်သူတစ်ယောက် ပိုင်ဆိုင်ခွင့်ရလိုက်ပြီ
သမီး ပျော်လိုက်တာမေမေ
ဒီလိုနဲ့ ကျားတို့ထုံးစံအတိုင်း
သူသမီးကို အပြင်မှာတွေ့ဖို့ အကြိမ်ကြိမ်အခါခါ ပူဆာလာတယ်
သမီးသူ့ကို မိန်းမမာယာပလီပလာနဲ့ ငြင်းတယ် သမီးက ၁၆ နှစ် ပထမနှစ်စီးပွားရေးကျောင်းသူ
ပညာရေးလည်း ဆုံးခန်းမတိုင်သေးလို့လေ
တစ်နေ့ သူအသည်းအသန်ဖျားတယ်လို့ သမီးဆီသူ့သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်မေမေ
သမီးကို သူအိပ်ရာထဲ လဲနေတဲ့ ပုံ
ဘေးမှာ ဆေးဆရာဝန် ဆေးကုနေတဲ့ ပုံတွေကို သမီးဆီ ပို့လာတယ်
သမီးဒီတစ်ခါတော့ ခံနိုင်ရည်မရှိတော့ဘူး
ချစ်သူအနေနဲ့ လိုက်လျောမှုမျိုးမဟုတ်ခဲ့ရင်တောင် သမီးလူသားဆန်ရတော့မယ်
သူရှိတဲ့ ရီယိုဒီဂျေနရိုးမြို့ကိုတကိုယ်စာ အသုံးအဆောင်အပြည့်နဲ့ သမီးလိုက်သွားမိခဲ့တယ်
သူပြောတဲ့ အိမ်လိပ်စာအတိုင်း ရောက်ခဲ့တဲ့အချိန်ကစပြီး
သမီးဘာမှ မသိတော့ဘူး
*******************
သမီးနိုးလာတော့
အိမ်အသစ်တစ်နေရာ
ရောက်နေတယ်
သမီးကိုယ်သမီး ပြန်ကြည့်လိုက်တော့
ဘာအဝတ်အစားမှ မရှိတော့ဘူး
သမီးအင်္ဂ်ါဇာတ်တွေ အရမ်းနာကျင်နေလို့ လှမ်းကြည့်လိုက်တော့
သမီးက သမီးခန္ဓာကစိမ့်ထွက်နေတဲ့
သွေးအိုင်ထဲမှာ သမီး မြုပ်နေတာ
*************
အီး ဟီး ဟီး
သမီးကို ကယ်ကြပါဦး
ဘေးမှာချန်ထားခဲ့တဲ့ စာတိုလေးကြောင့် ကျွန်မချက်ချင်း ဖုန်းကို ဖွင့်လိုက်တယ်
သမီးဘဝ ရေတိမ်နစ်ပြီအမေ
ချစ်သူဆိုတဲ့ မုဒိန်းကောင် အပါအဝင်
သူ့သူငယ်ချင်း ၃၀ယောက်က သမီးကို
မုဒိန်းဝိုင်းကျင့်လိုက်ပြီမေမေ
သမီး ၂ ရက်တိတိ သတိလစ်နေတဲ့အချိန်မှာ
သမီး ကင်မရာနဲ့ ရိုက်ပြီးလက်နက်ကိုယ်စီပါတဲ့ မုဒိန်းကောင် အယောက် (၃၀) က Rape လုပ်နေတဲ့ video ဖိုင်ကိုပါ Twitterပေါ် တင်သွားခဲ့တာအမေရဲ့
ယုတ်မာပက်စက်လိုက်ကြတာ အမေရယ်
အီး ဟီး ဟီး ဟီး
သမီး သတိရလာတဲ့ အချိန် ဟာ
တစ်ကမ္ဘ္ဘာလုံးက Twitter videoကို လူသန်းထောင်ပေါင်းများစွာ ကြည့်ရှု ပြီးတဲ့ အချိန်ပါ
သမီးဘဝ အခါခါသေခဲ့ရပြီအမေ
်
ချိနဲ့နေတဲ့ အားအင်
နာကျင်နေတဲ့ သွေးသား ဖျော့တော့နေတဲ့ နှုတ်ခမ်းသားကို အားကုန်ဖိကိုက်ပြီး သေသေရှင်ရှင် မရမက ရုန်းကန် လက်ကျန် အပေါ်ရုံအဝတ်ကို စုတ်ဖြဲ ပြီး ခန္ဓာကိုယ်အရှက်လုံအောင်ပတ်
အသတ်လုပြေး လို့ ရဲစခန်းကို မီရုံလေးဆက်
မုဒိန်းကောင်တွေကို (၁)ပတ်အတွင်း ဖမ်းနိုင်ခဲ့တယ်အမေ
သူတို့ ထောင်ကျမယ်
သူတို့ ထောင်ကလွတ်လာရင်
လူကောင်းဖြစ်နိုင်ပေမယ့်
ဒါပေမယ့် ဖျက်ဆီးခံလိုက်ရတဲ့ သမီးတို့မိန်းမသားအပျိုစင်ဘဝ
ဘယ်တော့မှ အဖတ်ပြန်ဆည်လို့မရတော့ဘူးအမေ
့
သမီး အခု
အမျိုးသမီး ဆေးရုံအရေးပေါ်ခန်းမှာ မျက်ရည်ခါးခါးတွေ ခပ်ခပ်ထုတ်နေရတဲ့ မသေမရှင်ဘဝနဲ့ နိုးတဝက်အိပ်မက်ဆိုးတွေ
နောင်တတွေက သမီးနားမှာ ထပ်ကြပ်ဝန်းရံလို့
သမီးဘဝ သေမလား ရှင်မလားဆိုတာလည်း
မရေရာသေးတဲ့ အခြေအနေ
သမီးဘဝနဲ့ ရင်းပြီးရလိုက်တဲ့ အသိတစ်ချက် သွေးပျက်လောက်ပါတယ်အမေ
ဒါကြောင့် Social media ထဲက
ဘယ်လိုနည်းနဲ့ ခင်ခင်
ဘယ်လောက်ချစ်တဲ့သူပဲဖြစ်ဖြစ်
သူစိမ်းခေါ်ရာ တစ်ယောက်တည်း
မိုက်ရူးရဲဆန်စွာ မသွားသင့်ဘူး
အခုလည်း ကြည့်လေ
ဆေးရုံမှာ ရဲတွေနဲ့ ဆရာဝန်တွေရဲ့ ပြောပြချက်အရ
သမီးဆီ သူ့မိတ်ဆွေ ယောကျားလေးတွေက ဆရာဝန် သူနာပြုဟန်ဆောင် ဆေးရုံဆေးခန်းနဲ့တူတဲ့ အခန်းသစ်တစ်ခု ဖန်တီးပြီး
သူအပါအဝင် လူယုတ်မာ မုဒိန်းကောင် တစ်စုက
သမီးကို ရက်ရက်စက်စက် ချိုးဖဲ့ ဖျက်ဆီးခဲ့တာမေမေ
မေ့ဆေးတွေ သူ့အဆောင်လက်ရမ်းတံခါးနဲ့ အနီးတဝိုက် အချိန်ကိုက် သုတ်လိမ်း
သမီးကို သိမ်းသွင်း သွေးချင်းချင်းနီအောင်
အညွန့်ချိုးခဲ့တယ်တဲ့ အမေ
လက်တွေ့မြင်ရင်တောင်
တစ်ဝက်ပဲ ယုံရမယ့်ခေတ်
တစ်ထင့်ထင့် ပြောခဲ့အမေ့စကား
သမီး တစ်ခါလေး ပယ်ရှားခဲ့မိတာပါ
တစ်သက်လုံး လိမ္မာခဲ့တဲ့သမီး
Social Media ကြောင့်
မျက်ရည်ချောင်းစီး ဘဝပျက်စီးခဲ့ရပြီမေမေ
နောင်လာနောက်သားတွေ သမီးလို မဖြစ်စေဖို့ မျက်ရည်စို့ပြီး မှာခဲ့ပါရစေ
ကိုယ်နဲ့ တစ်ဝမ်းထဲဆင်းတွေတောင်
ဒေါသ မောဟ လောဘထုံလာရင် အချစ်ပျက် ရက်စက်တတ်တဲ့ ခေတ်မှာ ဘယ်သူစိမ်းကိုမှ ခြေစုံပစ် မျက်စိမှိတ်မယုံလိုက်ပါနဲ့
ကိစ္စကိုတစ်ခုကို မပြုမီစဉ်းစား
ပြုနေဆဲ အသေအချာ စဉ်းစား
ပြု ပြီးလည်း စဉ်းစားပေးပါ
အထောက်အထား အခြေအနေအရပ်ရပ်သုံးသပ်
မှန်ကန် ခဲ့ရင်တောင် မိတ်ဆွေအဖော်ခေါ်ပါ
အချစ်ဇောတစ်ခုတည်းနဲ့
သမီးလို မိဘတွေမသိအောင်
အပြင်မှာ မမြင်ဘူးဘဲသူစိမ်းယောကျားလေး ချိန်းဆိုရာကိုတစ်ကိုယ်တည်း မိုက်ရူးရဲဆန်စွာ မသွားကြပါနဲ့
အတွင်းစိတ်ယုတ်မာပက်စက်ရိုင်းစိုင်းသူ
တစ်ယောက်ဟာ ရိုးသားတဲ့ ယုန်သူငယ်တစ်ကောင် လို ဟန်ဆောင်ကောင်းပြီး ဝံပုလွေတစ်ကောင်လို
ရက်စက်စွာကိုက်ဖြတ်စားသောက်တတ်ပါတယ်
ကိုယ့်စိတ်လို လူတိုင်းမှ မဖြူစင်နိုင်တာကိုး
တကယ်တော့ Social Mediaဆိုတာ သုံးတတ်ရင် ခြားနေတဲ့ဘဝတွေကို နီးစပ်စေနိုင်ပေမယ့်
မသမာသူတွေနဲ့တွေ့ရင် နီးနေတဲ့ သမီးနဲ့ အမေတို့ဘဝကိုလည်း ဘုံဘဝခြားသွားအောင် လုပ်နိုင်ပါတယ်ဆိုတဲ့ အချက်
ဒီတစ်သက်မမေ့စေဖို့
အရေးပေါ်ကုတင်ထက်က အေးစက်ဖျော့တော့ အားလျော့နေတဲ့ သမီးမိုက် နောင်တတွေ ရင်ဝယ်ပိုက်လို့ ဖျက်လို့်မပျက်တဲ့ဘဝအမည်းစက်
ထွက်နေသေးတဲ့သွေးစက်လက်တွေကြား အမှာစကားပါးလိုက်ပါရစေနော်
***********************
ဘရာဇီးလ်နိုင်ငံ ရီယို ဒီဂျေ နရို မြို့တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ရင့်နစ်ဖွယ်ရာဖြစ်ရပ်လေးပါ
online မှတဆင့် လူကောင်းဟန်ဆောင် ခင်မင်ခဲ့သည့် ချစ်သူမုဒိန်းကောင်နှင့် အပေါင်းအပါ (၂၉ ) ဦးတို့ ၏ ရက်ရက်စက်စက် မသေရုံတမယ်အမဲဖျက်ခံလိုက်ရသည့် မိန်းကလေးတစ်ဦး၏ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်
အပြစ်မဲ့ ပွင့်ပန်းလေးများ အချိန်မတိုင်မီ
ကာမဘီလူးတို့၏ မညှာမတာဖြန့်ခင်း ချနင်းမခံရစေရေး ဘဝဆစ်ပိုးမထိုးစေရေး
အလေးပေး Share ပေးကြပါကုန်
************************
သြော် ---လောက---လောက
အချစ်ပေးသော်လည်း အချစ်ပြန်မရ
ဖြူစင်မှုပေးသော်လည်း ဖြူစင်မှု ပြန်မရ
တစ်သက်လုံး ရိုးသားဖြူစင်စွာနေခဲ့သော်လည်း အသွားမတော်သည့် ခြေတစ်လှမ်းကြောင့်
တစ်ဘဝလုံးစာ ချေမွဖျက်ဆီးခံရသည့်
အပြစ်မဲ့ ပန်းပွင့်လေးများ ဤ ကမ္ဘာလောကတွက် မည်မျှ ရှိနေဦးမည် မသိ
သေချာတာတစ်ခုက လောကကြီးကို သူမ
အယုံအကြည်မဲ့ ကြောက်ရွံ့သွားမည်တော့အမှန်ပင်
အသက်အရွယ်လေးကနုနု ဘဝမုန်တိုင်းက ထန်ထန်ပါလား မိန်းကလေးရယ်
ဝဋ်ကြွေးရှိရင် ပြေပါစေတော့ကွယ်
********************************
မင်းသွေးငယ် (ရာမညမြေ)
နိုင်ငံတော်နှင့် အာဆီယံအဆင့်စာပေဆုများရှင်
ရောဂါဗေဒဌာန
Credit to Soe Thura.
Online ပေါ်က အယောင်ဆောင်ချစ်သူကြောင့် ရက်ရက်စက်စက် အမဲဖျက်ခံလိုက်ရတဲ့ ကျွန်မ
သင်ခန်းစာယူပေးကြပါနော်
(ဖြစ်ရပ်မှန်)
Reviewed by SwaiSon
on
5:15 PM
Rating:
No comments