ဗန်းမော်မြို့၌ ရေကြီးရေလျှံ၍ ကျေးရွာအတွင်း ရေနစ်မြှုပ်မှုဖြစ်ပွား

ဗန်းမော် ဇူလိုင် ၇
ဗန်းမော်မြို့နယ်အတွင်း ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ဧရာတီမြစ်ရေမြင့်တက် ကာ ကောင်စင်ကျေးရွာအုပ်စု သပြေကုန်းကျေးရွာအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် သပြေကုန်းကျေးရွာအတွင်းရှိ အိမ်ထောင်စု ၁၆ဝ၊ (လူဦးရေ ၉၈ဝ ခန့်)ရှိသည့်အနက် ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ ၅၃ အိမ်မှ လူဦးရေ ၃၂၁ ဦးအား သပြေကုန်း ကျေးရွာအနီးရှိ ရေဘေးလွတ်ရာ ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် အလှူရှင်များက ရေဘေးသင့်ပြည်သူများအား ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်လှူဒါန်းကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေက ငွေကျပ် ၁၁၈ဝဝဝ တန်ဖိုးရှိ ဆန်၊ ကုလားပဲနှင့် ရေသန့်ဘူးများ ပေးအပ်လှူဒါန်းခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သက်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ စက်လှေပိုင်ရှင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာဇာဖွား(မြစ်ကြီးနား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Reviewed by SwaiSon
on
5:31 PM
Rating:
No comments