FDA လက်မှတ်မရှိသော အသင့်စားကွမ်းပေါင်းထုပ်အား တားမြစ်ကုန်ဖြစ်လျှင်ဖမ်းဆီးမည်ဟုဆို


*****************************************
ဓာတုပစ္စည်းမြောက်များစွာဖြင့် ပြုလုပ်ထားပြီး ကျန်းမာရေးနှင့်မညီညွတ်သော အိန္ဒိယနယ်စပ် တမူးဘက်မှ တင်သွင်းလာသော အသင့်စားကွမ်းပေါင်းထုပ်များအား တားမြစ်ကုန်ထဲပါဝင်လျှင်ဖမ်းဆီးမည်ဟု ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အစားသောက်နှင့်ဆေးဝါးကွပ်ကွဲရေး အသိအမှတ်ပြု လက်မှတ် (FDA)မပါရှိသည့် ကွမ်းပေါင်းထုပ်အား "တားမြစ်ကုန်ထဲပါတယ်ဆိုရင်တော့ အကုန်ဖမ်းမယ်"ဟု ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ယဉ်မင်းလှိုင်က ဇူလိုင်၂ရက်နေ့တွင် ပြောသည်။
ကွမ်းပေါင်းသည် ကလေး-တမူးမှတစ်ဆင့် မြန်မာပြည်တွင်းသို့ အောက်လမ်းနည်းဖြင့် ဝင်လာသည်ဟု ဆိုသော်လည်း ထိန်းချုပ်ခြင်းနှင့် ပါတ်သတ်၍ မသိသေးဟု တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းကပြောသည်။
အဆိုပါကွမ်းပေါင်းကို တစ်ထုပ်လျှင် ၁၀၀ ကျပ်ဖြစ်ရောင်းချလျက်ရှိသည်။

Chin World

ပုံ- ကလေးမြို့ လမ်းဘေးဓာတ်ဆီဆိုင်နဲ့အတူ ကွမ်းပေါင်းအားရောင်းချနေစဉ်။ (ဓာတ်ပုံ-ဆလိုင်းဗန်ထောင်းထန်)
FDA လက်မှတ်မရှိသော အသင့်စားကွမ်းပေါင်းထုပ်အား တားမြစ်ကုန်ဖြစ်လျှင်ဖမ်းဆီးမည်ဟုဆို FDA လက်မှတ်မရှိသော အသင့်စားကွမ်းပေါင်းထုပ်အား တားမြစ်ကုန်ဖြစ်လျှင်ဖမ်းဆီးမည်ဟုဆို Reviewed by SwaiSon on 4:30 AM Rating: 5

No comments