ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အနီး ထိုင်းရဲများက မြန်မာနိုင်ငံသားတစ်ဦးကို ထိုးကြိတ်အနိုင်ကျင့်မှုဖြစ်ပွား


     ကရင်ပြည်နယ် မြ၀တီမြို့အမှတ် (၄)ရပ်ကွက် ညဈေးအနီးတွင်နေထိုင်သော ကိုမင်းသူ အသက် ၂၂ နှစ်သည် ထိုင်း မြန်မာနှစ်နိုင်ငံ မဲဆောက်ချစ်ကြည်ရေးတံတား အနီးတွင် ကုန်ထမ်းနေသောအလုပ်သမား တစ်ဦး ဖြစ်ပြီး ငွေကြေး လိမ်လည်မှုအနေဖြင့် ထိုင်းရဲသုံးဦးက မေးမြန်းရာ ကိုမင်းသူမှ ထိုကိစ္စနှင့်စပ်ဆက်၍ မည်သည့်အကြောင်းတစ်စုံတစ်ရာ မှမသိရှိရပါကြောင်း ရှင်းလင်းပြောပြရာတွင် ထို
် ထိုင်းရဲသုံးဦးက မယုံကြည်ပဲ ထိုးကြိတ်ရိုက်နှက်ခြင်းဖြစ်ပွားခဲ့ရာ
ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေးတံတား အနီးတွင်ဖွင့်လှစ်ထားသော K.T.G group လူမှု့ကူညီေ ရးအထွေထွေတာဝန်ခံကိုသားကြီး မှ ယခုလို မြန်မာနိုင်ငံသားတစ်ဦးကိုမတရားအနိုင်ကျင့် ထိုးကြိတ်အနိင်ကျင့်မှုကို မလိုလားပါကြောင်း ထိုင်းရဲများအားသွားရောက်ပြောကြား၍ ထိုင်းရဲသုံးဦးအား ဥပဒေနှင့်အညီ ဆောင်ရွက် စေပါကြောင်း ယခုလိုမသိနားမလည်သူကိုမတရား ထိုးကြိတ်ပြီး ၀န်ခံသည်အထိ အရေးယူရာတွင် မတရားကြောင်းဆက်လက်ဆောင်ရွက်ပါက ဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်းကိုပြောဆိုပြီး ကိုသားကြီး မှ ထိုင်းရဲများရဲ့ အနိင်ကျင့်ခံနေရသော မြန်မာကုန်ထမ်းသမားလေးမောင်မင်းသူအား ထိုင်းရဲများ လက်ထဲမှ သွားရောက်ကူညီကယ်တင်ခဲ့ကြောင်း 
ကိုသားကြီးက AAC မဟာမိတ်အဖွဲ့ထံသတင်းပေးပို့လာ
ပါသည်။

မဲဆောက်မြဝတီချစ်ကြည်ရေးတံတားအနီးတွင်အခြေစိုက်
ရုံးဖွင့်ထားသော K.T.G လူမှုကူညီရေးအဖွဲ့သည် နေရပ်ပြန်
မြန်မာပြည်သားများကို ထိုင်းရဲများက ငွေညှစ်သည့်ဖြစ်စဉ်
များကိုလည်း အမြဲမြဲလိုလိုကူညီပေးလေ့ရှိသော အဖွဲ့ဖြစ်ပြီး
''AAC''အဖွဲ့ နှင့်လည်း လက်တွဲမဟာမိတ်ဖွဲ့ထားသော
အဖွဲ့ဖြစ်သည်။
ပုံ- ထိုင်းရဲများထိုးကြိတ်ခံရသော မောင်မင်းသူ နှင့်ကူညီခဲ့
သော KTG တာဝန်ခံကိုသားကြီး

နေရပ်ပြန်သူမြန်မာလုပ်သားများ မဲဆောက်ရောက်လို့
ထိုင်းရဲများ ငွေညှစ်ခံရပါက
K.T.G အဖွဲ့ကို ဆက်သွယ်ရန် 
 ကိုသားကြီး = Ph:09780043277
                                 :0804913729

သတင်း
ရဲမင်း''AAC''မဟာမိတ်အဖွဲ့
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အနီး ထိုင်းရဲများက မြန်မာနိုင်ငံသားတစ်ဦးကို ထိုးကြိတ်အနိုင်ကျင့်မှုဖြစ်ပွား ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အနီး ထိုင်းရဲများက မြန်မာနိုင်ငံသားတစ်ဦးကို ထိုးကြိတ်အနိုင်ကျင့်မှုဖြစ်ပွား Reviewed by SwaiSon on 1:19 PM Rating: 5

No comments