ဦးဖြိုးမင်းသိန်း နာယကအဖြစ် တာဝန်ယူမည့် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း



Byမိုးမင်း
Sat, 2016-07-09

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ - စိုင်းဇော်)
ရန်ကုန်မြို့ သယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့ကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယကအဖြစ် တာဝန်ယူကာ ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ အဖွဲ့ကို ဇူလိုင် ၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အ စည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသော ဒေါက်တာမောင် အောင်က ပြောသည်။

‘‘ဖွဲ့လိုက်ပြီဆိုတာကတော့ ကျိန်းသေပါတယ်။ ကျွန်တော့်ဆီ တရားဝင်စာရောက်မလာသေး တော့ ပါဝင်တဲ့သူတွေ အကုန်လုံး တော့ အလွတ်မမှတ်မိဘူး’’ဟု ၎င်းက ပြောသည်။

ယခုဖွဲ့စည်းခဲ့သည့် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့တွင် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်က နာယကအဖြစ် ပါဝင်ပြီး တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဥက္ကဋ္ဌအဖြစ်ပါဝင် ကြောင်း ဒေါက်တာမောင်အောင်က ဆို သည်။

ထို့အပြင် မထသ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်မှာ အဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ပြီး လမ်းပန်းဆက် သွယ်ရေး ကျွမ်းကျင်ပညာရှင်များအား ယင်းအဖွဲ့တွင် အဓိကထည့်သွင်းထားကြောင်း သတင်းရရှိသည်။

‘‘တရားဝင်စာနဲ့ အကြောင်း ကြားတာတော့ မရှိသေးဘူး။ ဒါက အစိုးရအဖွဲ့က လုပ်နေတာဆို တော့ အစိုးရအဖွဲ့ကပဲ ကြေညာ မယ်ထင်တယ်’’ဟု မထသ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

 အဆိုပါ အဖွဲ့ဖွဲ့စည်းပြီး နောက် လုပ်ငန်းတာဝန်ရေးဆွဲခြင်း၊ ဥပဒေပြဋ္ဌာန်းနိုင်ရေးနှင့် လုပ်ငန်းဆပ်ကော်မတီဖွဲ့စည်းခြင်းကိစ္စရပ်များ ဆက်လက်ပြု လုပ်ရမည် ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်မြို့သယ်ယူပို့ဆောင် ရေးအာဏာပိုင်အဖွဲ့ကို ယခင် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့ဖူးပြီး ကာလအနည်းငယ်အကြာတွင် ဥပဒေနှင့်ညီညွတ်မှု မရှိဟုဆိုကာ ပြန်လည်ဖျက်သိမ်းပြီး ယခုအစိုး ရသစ်လက်ထက်၌ ပြန်လည်ဖွဲ့ စည်းခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်က ယာဉ်ကြောကျပ်တည်း မှု လျော့ပါးစေရေးအတွက် တိုင်း ဒေသကြီးအတွင်း သယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထူထောင်ဆောင်ရွက်မည် ဟု ဇွန်လ ၁၆ ရက်တွင် လွှတ်တော် သို့ အသိပေးပြောကြားခဲ့သည်။

‘‘အဲဒီအဖွဲ့က မီးပွိုင့်တွေအ ဆင့်မြှင့်တင်ခြင်း၊ ဘတ်စ်ကား ယာဉ်လိုင်းများ စနစ်တကျထူ ထောင်ခြင်း၊ တက္ကစီယာဉ်တွေကို မြို့တော်တက္ကစီယာဉ်များအဖြစ် အသင်းအဖွဲ့တွေ ထူထောင်စေပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်းက လွှတ်တော်သို့ ပြော ကြားခဲ့သည်။
7Day
ဦးဖြိုးမင်းသိန်း နာယကအဖြစ် တာဝန်ယူမည့် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း ဦးဖြိုးမင်းသိန်း နာယကအဖြစ် တာဝန်ယူမည့် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း Reviewed by SwaiSon on 12:41 AM Rating: 5

No comments