အမေရိကန်၏ ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခြိမ်းခြောက်


****************************************
ဆိုးလ် ဇူလိုင် ၁၁

အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကိုရီးယားကျွန်းဆွယ်တွင် ဒုံးခွင်းဒုံးကာကွယ်ရေး စနစ်ကို တပ်ဖြန့်ချထားမည့် အစီအစဉ်ကို ပြင်းပြင်းထန်ထန်တုန့်ပြန်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားကာကွယ်ရေး ၀န်ကြီးဌာနမှ တနင်္လာနေ့တွင် ပြောကြားသည်။ 

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြေပြင်မြင့်ဧရိယာကာကွယ်စနစ်ကို မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား နှင့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကို တန်ပြန်တိုက်ခိုက်ရန် အသုံးပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၈ တွင် ထုတ်ပြန်ခဲ့သည်။

 မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်း ကုလသမဂ္ဂ၏ တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ပြီး စတုတ္ထမြောက် နျူကလီးယား စမ်းသပ်မှုနဲ့ တာဝေးပစ် ဒုံးကျည်ပစ်လွှတ်မှုများကို တန်ပြန်သည့် မဟာမိတ်အဖွဲ့များ၏ နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်သည်။ 
Ref:CNA
Democracy Today
အမေရိကန်၏ ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခြိမ်းခြောက် အမေရိကန်၏ ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခြိမ်းခြောက်
Reviewed by SwaiSon on 1:39 AM Rating: 5

No comments