ရုံပြည့်ရုံလျှံ အောင်ပွဲခံနေတဲ့ ဖေ့စ်ဘုတ်ရွာ


ဇူလိုင် ၈ ရက်ကစ၍ ရုံ တင်ပြသနေသော ‘ဖေ့စ်ဘုတ် ရွာ’ရုပ်ရှင်ဇာတ်ကားကို ပရိသတ် အားပေးမှုများခြင်းကြောင့် ပွဲစဉ် များတိုး၍ ပြသနေကြောင်း ယင်း ဇာတ်ကား၏ ဒါရိုက်တာ ရာဇဝင် ကိုက ပြောသည်။
‘‘မနေ့က (ဇူလိုင် ၉) Mega Ace တာမွေ ရွှေဗဟိုမှာ ကိုးခွဲပွဲ ပြီးတော့ ပရိသတ်တွေက မပြန် ဘဲ လူတွေအုံနေလို့၊ နောက်နေ့ ဆိုလည်း မအားဘူးလို့ပြောကြလို့ ၁၁ နာရီခွဲပွဲ တစ်ပွဲထပ်တိုးပြရ တယ်။ ဒီနေ့ (ဇူလိုင် ၁၀ ရက်) လည်း အထူးပွဲအနေနဲ့ ပွဲစဉ်တိုး ပေးထားတယ်’’ဟု ၎င်းက ပြော သည်။
ထို့အပြင် နဝဒေးရုပ်ရှင်ရုံ အပါအဝင် အခြားရုံများတွင် လည်း စတင်ရုံတင်သည့်နေ့က တည်းက ရုံပြည့်အားပေးမှုရှိနေ ပြီး နဝဒေးရုပ်ရှင်ရုံ၌ ပရိသတ်အား ပေးမှုများပြားနေသောကြောင့် ခုံများထပ်တိုး၍ ပြသနေရ ကြောင်း ရာဇဝင်ကိုက ဆိုသည်။
‘‘ကော်ခုံတွေတိုးတော့ ကော်ခုံတွေအကုန်ကုန်သွားတယ်။ ဈေး ရောင်းတဲ့ကောင်မလေးတွေဆီ က ခုံတွေပါ အထဲကိုထည့်ပြရ တယ်။ နောက်ဆုံးပွဲကျတော့ ခုံ တွေကုန်သွားတဲ့အပြင် ပရိသတ် တွေက ကြည့်ပါရစေဆိုလို့ လျှောက်လမ်းအလယ်ကောင် လှေကားထစ်ပေါ်မှာပဲ ထိုင်ကြည့် ကြတယ်’’ဟု နဝဒေးရုပ်ရှင်ရုံတွင် ပရိသတ်၏ အားပေးမှုအခြေအ နေကို ၎င်းက ပြောသည်။
ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံများ တွင် ဇူလိုင် ၁၅ ရက်၌ စတင်ပြသရန် စီစဉ်ခဲ့သော်လည်း ပရိသတ် များ၏ တောင်းဆိုမှုကြောင့် ဇူလိုင်၉ ရက်မှစ၍ နံနက် ၉ နာရီ ၁၅မိနစ် ပွဲစဉ်ကို အထူးပွဲအဖြစ် တစ် နေ့လျှင် တစ်ပွဲပြသနေပြီး ဇူလိုင် ၁၅ ရက်တွင် ပုံမှန်ပွဲစဉ်များအ တိုင်း စတင်ပြသပေးမည်ဟု ရာဇ ဝင်ကိုက ဆိုသည်။
ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ် ကားသည် ဖေ့စ်ဘွတ်ခ်တွင် ဖြစ် ပျက်ခဲ့သည့်အကြောင်းအရာများ ကို အခြေခံရိုက်ကူးထားခြင်းဖြစ် ပြီး တန်းစီစနစ်ဖြင့် ပြသခြင်း မဟုတ်သောကြောင့် မြို့လယ် ရုပ်ရှင်ရုံများ၌ ပြသခွင့်မရဘဲ ကားပိုင်ရှင်နှင့် ရုံပိုင်ရှင်ညှိနှိုင်း ပြသရသည့် B Channel အနေ ဖြင့် ပြသနေခြင်းဖြစ်သည်။
7day daily
ရုံပြည့်ရုံလျှံ အောင်ပွဲခံနေတဲ့ ဖေ့စ်ဘုတ်ရွာ ရုံပြည့်ရုံလျှံ အောင်ပွဲခံနေတဲ့ ဖေ့စ်ဘုတ်ရွာ Reviewed by SwaiSon on 11:16 PM Rating: 5

No comments