အဖြူရောင် မ ဘ သ တော့ရှိသင့်ဟု ဦးပါမောက္ခဆို
'
****************************************
ရန်ကုန် ဇူလိုင်၉
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ''မဘသမရှိသင့်တော့''ဟူသော ပြောဆိုချက်နှင့်ပတ်သက်၍ အဖြူရောင် မဘသ ရှိသင့်ပြီး အရောင်ဆိုးထားသော မဘသတော့မရှိသင့်ဟု ယခင်မဘသ(ဗဟို)အလုပ်အမှုဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့ဖူးသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ပြောသည်။
ယနေ့ မွန်းလွဲ ၁နာရီက ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star ဟိုတယ်တွင် ကျင်းပခဲ့သော ရမ်းကုန်းမြို့နယ် ၊၈ မိုင်ရှိ တေဇစက္ကီ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်အတွင်း
မှအမှုကိစ္စများနှင့်ပတ်သက်၍ပြုလုပ်သောသတင်းစာ
ရှင်းလင်းပွဲသို့လာရောက်စဉ် ၄င်းကပေါ်ပြူလာနယူးစ်
သို့ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''သူ(ဦးဖြိုးမင်းသိန်း)က မဘသ မရှိသင့်ဘူး။မဟန တော့ရှိသင့်တယ်လို့ဆိုတယ်။မဟန ရှိပြီးဖြစ်လို့ မဘသမရှိသင့်တော့ဘူးလို့ ဝန်ကြီးချုပ်ကပြောသွားတယ်။ဒါပေမဲ့ အဖြူရောင် မဘသအနေနဲ့တော့ရှိသင့်တယ်။နိုင်ငံတော် သံဃနာယကဖွဲ့စည်းခြင်းရဲ့ရည်ရွယ်ချက်မှာ
သာသနာတော်သန့်ရှင်းရေး၊သာသနာတော်ပြန့်ပွားရေး၊သာသနာတော်တည်တံ့ရေးဆိုတဲ့ရည်ရွယ်ချက်
၃ချက်ရှိပါတယ်။အဲဒီ၃ချက်စလုံးကို နိုင်ငံတော်သံဃ
နယကအဖွဲ့ကြီးက ပြည့်ပြည့်စုံစုံ စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောတဲ့စကား
သည် သင့်မြတ်ပါတယ်''ဟု ၄င်းကပြောသည်။
ဆက်လက်၍ ဦးပါမောက္ခက ''အဲဒီလိုမဟုတ်ဘဲနဲ့
ယခုအခါ နိုင်ငံတော်သံဃနာယကအဖွဲ့ထံမှာ မဘ
သအဖွဲ့အစည်းများက သွားရောက်ပြီး
သာသနာ
တော်သန့်ရှင်းရေးဘက်မှာတော့မပါဘူး။ပြန့်ပွားရေးနဲ့တည်တံ့ရေးဘက်မှာတော့ တရားဝင်သူတို့တောင်းဆိုပြီး
လုပ်ထားတဲ့အပိုင်းတွေတွေ့ရပါတယ်။ဆိုတော့ ဒီအ
ပိုင်းတွေကိုလုပ်ဆောင်တဲ့အခါ နိုင်ငံတော်သံဃနာယ
ကအဖွဲ့ကလည်း သဘောတူတယ်။မဘသဆိုရင် လ
ည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အများကြီးရှိသင့်တယ်။သို့သော် ဘယ်ပါတီမဲထည့်ရမယ်။ဘယ်ပါတီကိုတော့ မဲမပေးရဘူးဆိုတဲ့အရောင်အသွေးတွေ တော့မပါဖို့ အဓိကလိုအပ်တယ်လို့မြင်ပါတယ်''ဟုပြောသည်။
ပြီးခဲ့သည့် စင်ကာပူခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသ
ကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ''မဘသမရှိသင့်တော့''ဟူ၍ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စအပေါ် မဘသ(ဗဟို)သည် ဇူလိုင်လ ၇ရက်နေ့က အင်းစိန်မြို့နယ်၊ရွာမ ပရိယတ္တိစာသင်တိုက်တွင် အစည်းအဝေးပွဲတစ်ရပ်ကျင်းပခဲ့ပြီး ပြောဆိုချက်အပေါ်ရှုံ့ချကြောင်း၊ပါတီကိုယ်စားပြုပြောခြင်းဖြစ်ပါက ပါတီကဇူလိုင်လ ၁၄ရက်နေ့နောက်ဆုံးထား ဖြေရှင်းပေးရန်တောင်းဆိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ထို့အပြင် NLD ပါတီ၏ ပြောရေးဆိုခွင့်ရ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်ကလည်း မဘသအဖွဲ့အား မည်သို့မျှတုန့်ပြန်သွားမည်မဟုတ်ကြောင်းနှင့်တောင်းဆိုချက်ကို ခေါင်းထဲမထည့်ကြောင်း ပြောဆိုထားသည်။
အဆိုပါပြောဆိုချက်နှင့်ပတ်သတ်၍မူ ''အဲဒါကတော့ သူ့သဘောနဲ့သူပြောတာပဲပေါ့နော်။ဒီဘက်က ဆန္ဒပြ
မယ်ပြောတဲ့ပုဂ္ဂိုလ်တွေကလည်း သဘောထားကွဲလွဲ
ခွင့်ရှိတယ်။ဒီတော့ ဒီမိုကရေစီနည်းလမ်းအရ သူတို့်မကျေနပ်ရင် ဆန္ဒပြကြမှာပဲ။ပြောချင်တာကတော့မဟ
နရော မဘသရော နိုင်ငံတော်အစိုးရရော အားလုံး
လက်တွဲပြီးညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ အမျိုး
သားရေးရော အမျိုးဘာသာ သာသနာအတွက်ရောစောင့်ရှောက်သင့်တယ်လို့ထင်တယ်''ဟုပြောကြားခဲ့သည်။
မကွေးကျောင်းဆရာတော် ဦးပါမောက္ခသည် ယခင်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)တွင် အလုပ်အမှုဆောင်ဆရာတော်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၆ခုနှစ် ဇွန်လ ၁၇ရက်နေ့က တရားဝင်နှုတ်ထွက်ခဲ့ပြီး ဇူလိုင်လ ၄ရက်နေ့ကနှုတ်ထွက်စာကို အသိအမှတ်ပြုကြောင်း ပြန်စာရရှိခဲ့ကြောင်းသိရသည်။
Popular
ဖြိုးထက်အောင်

Reviewed by SwaiSon
on
7:10 AM
Rating:
No comments