စတုတ္ထတန်းကျောင်းသူတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ရိုက်ခဲ့၍ ဆေးရုံသို့ တင်ပို့ကုသခံယူရ


----------------------------
တောင်သာမြို့နယ်
----------အခြေခံပညာ
မူလတန်းကျောင်းမှ
စတုတ္ထတန်းကျောင်းသူ
မ-------------ကို ကျောင်းအုပ်
ဆရာမကြီးက ထန်းလက်ပြားတုတ်ဖြင့်
အချက်ပေါင်းများစွာရိုက်ခဲ့၍
ဇူလိုင်၁ရက် ညနေပိုင်းက
ဆေးရုံသို့တင်ပို့ကုသခဲ့ရကြောင်း
သိရသည်။
-----------------
ဖြစ်စဉ်မှာ
ဇူလိုင် ၁ရက် နံနက်ပိုင်း
ပထမစာသင်ချိန်၌
အိမ်စာအဖြစ်တွက်လာသော
သချာင်္ပုဒ်စာများ အမှားများနေ၍
အခြားကျောင်းသူတစ်ဦးနှင့်
မ----------------တို့နှစ်ဦးကို
ဆရာမကြီးမှ ရိုက်ခဲ့ကြောင်း။

မုန့်စားကျောင်းဆင်း ပြန်တက်ရာ
ဘဝတွက်တာဘာသာရပ်သင်ချိန်၌
ကလေးဗဟိုပြုသင်ကြားနည်းအရ
တပည့်များကို ခုံသုံးခုံအား
ပတ်ပြေးစေခဲ့ရာ မ----------၏
မျက်နှာမှာညှိုးငယ်နေသည်ကို
သတိထားမိ၍
ကျန်းမာရေးအခြေအနေကြောင့်
ရုံးခန်းထဲနားစေခဲ့ကြောင်း။

ထို့နောက် ဆရာမကြီးက မိဘများထံ အကြောင်းကြား၍ အိမ်သို့ပြန်ခေါ်
သွားခဲ့ပြီး နေအိမ်အရောက်တွင်
မိဘများက သမီးဖြစ်သူ၏ 
ခြေသလုံး။ပေါင်။ခါးတို့၌ 
ဒဏ်ရာများတွေ့ရ၍ 
ကျောင်းသားမိဘများနှင့်
ကျောင်းကော်မတီများက
ကလေးနှင့်အတူ ညနေပိုင်း၌
မြို့နယ်ပညာရေးမှူးရုံးသို့
သွား၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

မြို့နယ်ပညာရေးမှူးရုံး၌
ပညာရေးမှူးက
ကလေး၏ ဒဏ်ရာကို ကိုင်ကြည့်ရာ 
မခံနိုင်ဘဲဖြစ်နေ၍ ဆေးရုံသို့ပြသရန်
လမ်းညွှန်ခဲ့ကြောင်း။
တာဝန်ကျဆရာဝန်၏
စမ်းသပ်မှုအရ ညိုမဲဒဏ်ရာသည်
အတွင်းသွေးကြော ထိခိုက်နိုင်ခြေ
ရှိမရှိ ကို နှစ်ရက်ခန့် စောင့်ကြည့်ရန်
လိုအပ်၍ ဆေးရုံ၌ ကုသနေခြင်း
ဖြစ်ကြောင်းသိရသည်။
--------------------------
ညပိုင်းတွင် ဆရာမကြီးက
ဆေးရုံတက်ရောက်နေသော
တပည့်ဖြစ်သူနှင့်မိဘများထံ
သွားရောက်တွေ့ဆုံခဲ့ပြီး
မိမိလုပ်သက်ကာလ
တစ်ခါမျှမဖြစ်ဘူးခဲ့ကြောင်း။
ယခင်က လူမှုရေးသာသင်ပြခဲ့ပြီး
ယခုမှ သချာင်္ဆရာမပြောင်းသွား၍
အစားဝင် သင်ပေးခဲ့ကာ
တတ်စေချင်၍ မှားရမလား
ဆိုသည့်စိတ်ဖြင့် ရိုက်မိခဲ့ကြောင်း။
ယခုကဲ့သို့ ဖြစ်ခဲ့မှုအပေါ်
စိတ်မကောင်းဖြစ်ခဲ့ရပြီး
မိဘနှင့်ကျောင်းကော်မတီများအား
ဖြစ်စဉ်များအပေါ် တောင်းပန်သွား
မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အပေါ်
မြို့နယ်ပညာရေးမှူးက
ဆရာမကြီးအား
ချက်ချင်းအကြောင်းကြား
ခေါ်ယူလျက်မည်သို့ပင်
စေတနာဖြင့်ရိုက်နေစေကာမူ
ကလေး၏ခံနိုင်ရည် နုနယ်ချိန်နှင့်
စိတ်ဒဏ်ရာများဖြစ်သွားကာ
ဆရာတပည့် ဆက်ဆံရေး
တင်းမာစေကြောင်း။
ဆရာဆိုတာ ကျေးရွာ၏
အတိုင်ပင်ခံသာဖြစ်ရန်နှင့်
အတိုင်ခံ ဆရာများမဖြစ်စေရန်
အမြဲမှာကြားခဲ့ကြောင်းပြောခဲ့ပြီး 
တိုင်ကြားမှုအပေါ် ဆက်လက်
စစ်ဆေးဆောင်ရွက်သွားမည်
ဖြစ်ကြောင်းသိရသည်။
စတုတ္ထတန်းကျောင်းသူတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ရိုက်ခဲ့၍ ဆေးရုံသို့ တင်ပို့ကုသခံယူရ စတုတ္ထတန်းကျောင်းသူတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ရိုက်ခဲ့၍ ဆေးရုံသို့ တင်ပို့ကုသခံယူရ Reviewed by SwaiSon on 11:40 PM Rating: 5

No comments