လူ ၁၀ ဦးလိုက်ပါသွားတဲ့ ရုရှားမီးသတ်လေယာဉ် ပျောက်ဆုံး



  ရုရှားနိုင်ငံမှာ IL-76 အမျိုးအစား မီးသတ်လေယာဉ်တစ်စီး ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားကြောင်း သိရပါတယ်။ ဆိုက်ဘေးရီးယားဒေသရှိ Irkutsk မြို့အနီး တောမီးလောင်ကျွမ်းမှုကို အမြင့်ပေ ၉,၉၀၀ မှ ပျံသန်းငြှိမ်းသတ်နေစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မီးသတ်လေယာဉ်ပေါ်မှာ လူ ၁၀ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမား ၁၀၀ ကို လေယာဉ်ပျောက်ဆုံးသွားရာ ဒေသအတွင်း လေထီးဖြင့်ဆင်းသက်စေကာ ရှာဖွေမှုပြုလုပ်ရန် အရေးပေါ်ဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရပါတယ်။ လေယာဉ်ပျောက်ဆုံးသွားတဲ့ နေရာမှာ တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးများ ထူထပ်စွာ ထွက်ရှိနေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျောက်ဆုံးသွားခဲ့တဲ့ ဒေသမှာ အလွန်ကျယ်ပြန့်ပြီး ကားလမ်းမရှိတာကြောင့် လေယာဉ်များအသုံးပြုပြီး ရှာဖွေရေးလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ မီးသတ်လေယာဉ် ရှာဖွေရေးကို လေယာဉ်ပျံ ၈ စီးဖြင့် ဆောင်ရွက်နေကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားနိုင်ငံထုတ် IL-76 မီးသတ်လေယာဉ်ကို 'Water Bobmer' လို့ ခေါ်ဆိုကြပြီး ကမ္ဘာ့အကြီးဆုံး မီးသတ်လေယာဉ် အမျိုးအစားဖြစ်ပြီး တစ်ကြိမ်လျှင် ရေတန်ချိန် ၄၂ တန် သယ်ဆောင်ပျံသန်းကာ မီးငြှိမ်းသတ်နိုင်ကြောင်း သိရပါတယ်။

Credit : Duwun

လူ ၁၀ ဦးလိုက်ပါသွားတဲ့ ရုရှားမီးသတ်လေယာဉ် ပျောက်ဆုံး လူ ၁၀ ဦးလိုက်ပါသွားတဲ့ ရုရှားမီးသတ်လေယာဉ် ပျောက်ဆုံး Reviewed by SwaiSon on 11:53 PM Rating: 5

No comments