သားဖြစ်သူက မိခင်အရင်းနှင့် ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား
==========
သတင်း ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် သားဖြစ်သူက ၎င်း၏မိခင်အရင်းဖြစ်သူအား သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်။ ထို့အပြင် ဖခင်ဖြစ်သူက ၎င်း၏ သမီးအရင်းဖြစ်သူကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်အား အဆိုပါ မြို့နယ်၌ ဖြစ်ပွားခဲ့ပြန်သည်။
`` မိသားစု အိမ်တွင်းရေးမှုခင်းဖြစ်ပွားမှုဆိုတာ မိသားစုဝင်တစ်ယောက်စီတိုင်ရဲ့ ကိုယ်ကျင့်သီလက အဓိကကြပါတယ် ..´´ ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်က ပြောသည်။
ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းကျေးရွာနေ မ…. ဆိုသူသည် မိခင်ဖြစ်သူ ဒေါ် …နှင့်အတူ ၁၀.၆. ၂၀၁၆ ရက်နေ့မနက် ၄ နာရီအချိန်က နေအိမ်အလယ်အိပ်ခန်းတွင် အိပ်နေခဲ့သည်။ မိခင်ဖြစ်သူက ရေနွေအိုးတည်ရန် မီးဖိုဆောင်သို့ထွက်ခွာသွားခဲ့သည်။
ထိုအခိုက် သူမ၏ ဖခင်ဖြစ်သူ ဦး … ဆိုသူက ၎င်း၏သမီးအား `` လာဦး´´ ဟုခေါ်သဖြင့် သမီးဖြစ်သူက ဖခင်၏အိပ်ခန်းအတွင်းသို့သွားရောက်ခဲ့သည်။ အခန်းအတွင်းသို့ ရောက်ရှိလာသော သမီးဖြစ်သူအား ဖခင်ဖြစ်သူက ကုတင်ပေါ်သို့ဆွဲတင်၍ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ဝယ် သမိးဖြစ်သူက ရုန်းကန်အော်ဟစ်ရန်ကျိုးစားချိန်တွင် ဖခင်ဖြစ်သူက ၎င်း၏ သမီးအား လက်သီးဖြင့်ထိုးနှက်ကာ ပါးစပ်အားပိတ်ထားခဲ့သည်ဟု ရဲစခန်း၏ မှုခင်းမှတ်တမ်းများ၌ ဖော်ပြထားသည်။
အဆိုပါ အမှုကို ဘုတလင်မြို့မရဲစခန်းက(ပ) ၈၈/၂၀၁၆ ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ကူတော်ရဲကင်းစခန်းမှူး ရဲအုပ် စံမြင့်က ၎င်းအမှုကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဘုတလင်မြို့နယ်၊ မကျီးအုပ်ကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာရှိတောတဲတစ်လုံးတွင် ၂၀.၂. ၂၀၁၆ ရက်မနက် ၈ နာရီအချိန်က အသက် ( ၄၂)နှစ်အရွယ်ရှိသားဖြစ်သူက ၎င်း၏မိခင်အရင် အသက် ( ၆၀)နှစ်ကျော်အရွယ်ရှိသူကို သားမယားအဖြစ် နှစ်ကြိမ်ဆက်တိုက် အဓမ္မပြုကျင့်ခဲ့သည်။
အဆိုပါ အမှုအား ဘုတလင်မြို့မရဲစခန်းက (ပ) ၁၆/၂၀၁၆ ပုဒ်မ ၃၇၆ အရ အမှုရေဖွင့်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ မြန်မာ - တရုတ် နယ်စပ်ဈေးကွက်မှ လိင်မှုဆိုင်ရာ ကာမစိတ်ကြွဆေးအမျိုးမျိုးဝင်ရောက်လျက်ရှိသည်။ ထိုမျှမက ဆင်ဆာမဲ့ဇာတ်လမ်းခွေများမှာလည်း ပျန့်နှံ့လျက်ရှိသည်။
ထို့ကြောင့် အလားတူပြစ်မှုဖြစ်စဉ်များ ထပ်မဲပေါ်ပေါက်ခြင်းမရှိစေရန် သက်ဆိုင်ရာမှ ဆင်ဆာမဲ့ ဇာတ်လမ်းခွေများနှင့် လိင်မှုဆိုင်ရာ ကျားမ စိတ်ကြွဆေးဝါးများကို တားဆီးနှိမ်းနင်ရန် လိုအပ်သည်။ ထိုမျှမက အရက် ယမကာရောင်းချမှုများကိုကန့်သတ်ပြီး မိသားစုဝင်များအနေဖြင့်လည် အရွယ်ရောက် သားသမီးများ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကို လေးစားလိုက်နာသွားကြရန် လိုအပ်လျက်ရှိကြောင်း အသိပညာရှင်များက ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။
မှတ်ချက် = မှုခင်းမှတ်တမ်း ဓာတ်ပုံများမှ ခွင့်ပြုချက်ဖြင့် ကူးယူကာ မှုခင်ူးကျဆင်းရေးအတွက် ရည်ရွယ်၍ ဖော်ပြပေးခြင်းဖြစ်သည်။ ကိုတိုးကြီး
သားဖြစ်သူက မိခင်အရင်းနှင့် ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွား
Reviewed by SwaiSon
on
3:18 AM
Rating:
No comments