နမ်ီးဘီးယားနိုင်ငံ တွင် ၁၀ နှစ်အရွယ် ညီက အကိုဖြစ်သူအား ဖခင်၏ သေနတ်ဖြင့် ပစ်သတ်

Jerome Hangue အမည်ရှိ ၂၃ နှစ်အရွယ် သေနတ်ဖြင့် ပစ်ခတ်ခံရသူအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)    နမီးဘီးယား၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

    နမီးဘီးယားနိုင်ငံ မြို့တော် Windhoek မှ တောင်ဘက် ၉၀ ကီလိုမီတာ အကွာရှိ Rehoboth မြို့ တွင် ဇူလိုင်လ ၃ ရက်က ၁၀ နှစ်အရွယ် ယောကျာ်းလေး တစ်ဦးသည် ၄င်း၏ အကို ဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

နမီးဘီးယား ရဲတပ်ဖွဲ့က သေနတ် ပစ်ခတ်မှုသည် ပစ်ခတ်သူ၏ မိသားစုဝင်များ အပြင်ထွက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၄င်းအား ဖမ်းဆီးထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ယင်းယောကျာ်းလေးအား ၄င်း၏ ဖခင်က သေနတ်ဖြင့် ကစားခြင်း မပြုရန် အစောပိုင်း ကာလများက တားမြစ်ခဲ့သော်လည်း ဖခင်၏ ကားအတွင်းမှ သေနတ်အား ထုတ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ယောကျာ်းလေးသည် Jerome Hangue အမည်ရှိ ၂၃ နှစ်အရွယ် ၄င်း၏ အကိုဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
Hangue သည် ၉ မမ ပစ္စတိုဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kauna Shikwambi က အမှုနှင့် ပတ်သက်သည့် အချက်အလက်များအား စာရင်းဖွင့်ထားပြီး ရှေ့နေရုံးသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

(Xinhua)
http://www.xinhuamyanmar.com

နမ်ီးဘီးယားနိုင်ငံ တွင် ၁၀ နှစ်အရွယ် ညီက အကိုဖြစ်သူအား ဖခင်၏ သေနတ်ဖြင့် ပစ်သတ် နမ်ီးဘီးယားနိုင်ငံ တွင် ၁၀ နှစ်အရွယ် ညီက အကိုဖြစ်သူအား ဖခင်၏ သေနတ်ဖြင့် ပစ်သတ် Reviewed by SwaiSon on 3:01 AM Rating: 5

No comments