ရေကြီးသည့် သတင်းယူစဉ် သူ၏တန်ဖိုးကြီးဖိနပ် ရေစိုမည် စိုးရိမ်သောကြောင့် ဒေသခံများအား ထမ်းပိုးစေခဲ့ သည့် ဗီဒီယို သတင်းထောက် အလုပ်ထုတ်ခံရ
မက္ကဆီကို ၊ ဇူလိုင် ၆
မက္ကဆီိကိုတွင်ရေကြီးသည့် သတင်းအား ကြေညာရန် TV Azteca မှရောက်ရှိလာသော ဗီဒီယိုသတင်းထောက် လင်ဒီယာ သည် ၎င်း၏တန်ဖိုးကြီးဖိနပ်ရေစိုမည် စိုးရိမ်သောကြောင့် ဒေသခံပြည်သူနှစ်ဦးအား ထမ်းပိုးစေခဲ့ သဖြင့် အလုပ်ထုတ်ပယ်ခံခဲ့ရကြောင်း Daily Mail သတင်းဌာနတွင်ဖော်ပြထားသည်။ အင်တာနက်စာ မျက်နှာများတွင် လင်ဒီယာအား သရော်သော ဓါတ်ပုံများပျံ့နှံလျက်ရှိပြီး အရှက်ရ စရာဖြစ်ရပ်များနှင့် ကြုံတွေ့ လျက်ရှိကြောင်းသိရသည်။ TV Azteca မှ ပိုင်ရှင်ဖြစ်သူက လင်ဒီယာအား အလုပ်တွင် ကျွမ်းကျင်အတတ် ပညာရှင် Professional တစ်ယောက်မပီသသူ တစ်ယောက်ဖြစ်သည် ဟု အကြောင်းပြချက်ပေး၍ အလုပ်ထုတ် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လင်ဒီယာသည် သူ့အား ထမ်းပိုးခဲ့သော လင်မယားနှင့် ရေကြီးမူနှင့် ပက်သက်၍ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါလင်မယားနှင့် ကောင်း မွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ကြောင်းသိရသည်။ လင်ဒီယာ အင်တာဗျူးလုပ်ပြီး ချိန်တွင် တွန်းလှည်းဖြင့် ထိုင်နေရသော အသက်ကြီး သူတစ်ယောက်အိမ်တွင်း၌ရှိနေပြီး ၎င်း အား အင်တာဗျူး ရန်ခေါ်ဆောင်သွား ရာတွင် ယခုကဲ့သို့ ထမ်းပိုးသည့်ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“ ကျွန်မ အကောင်းဆုံး ဆက်ဆံရေးကိုပဲ ဒေသခံပြည်သူတွေနဲ့လိုချင်ခဲ့တာပါ။ ပတ်ဝန်းကျင်ရဲ့ အမုန်းစကား တွေကိုတအားကြောက်ပါတယ်။ သူတို့ ကျွန်မကို ချီပိုးပြီး ၂ စက္ကန့်လောက်အကြာမှာ အောက်ပြန်ချဖို့ ပြောခဲ့ပါ တယ် ဒါပေမယ့် ကျွန်မပြောတာနောက်ကျနေခဲ့ပြီ” ဟုလင်ဒီယာက El Pais သတင်းဌာနသို့ပြောကြားခဲ့သည်။
လင်ဒီယာအား အင်တာနက်စာမျက်နှာ များပေါ်တွင် Titanic ၊ Star War နှင့် Games of Throne စသော ရုပ်ရှင်များမှ ဇာတ်ဝင်ခန်းများအား လင်ဒီယာ၏ပုံဖြင့် တွဲဖက်၍ Memes များအဖြစ် ဖန်တီးကာ လှောင်ပြောင် မူများရှိ နေကြောင်းသိရသည်။
Ref: Daily Mail
#Democracytoday
ရေကြီးသည့် သတင်းယူစဉ် သူ၏တန်ဖိုးကြီးဖိနပ် ရေစိုမည် စိုးရိမ်သောကြောင့် ဒေသခံများအား ထမ်းပိုးစေခဲ့ သည့် ဗီဒီယို သတင်းထောက် အလုပ်ထုတ်ခံရ
Reviewed by SwaiSon
on
3:23 AM
Rating:
No comments