အင်အားကြီး မုန်တိုင်းကြီး ထိုင်ဝမ်နိုင်ငံအရှေ့ ပိုင်းသို့  ဆက်လက်ဦးတည်လာနေ
ပစ္စဖိတ်သမုဒ္ဒရာအတွင်း Tropical Cycline အဖြစ်မှစတင်ခဲ့သော "Nepartak" မုန်တိုင်းဟာ "Super Typhoon" အဖြစ်သို့  ကြီးထွားခဲ့ပြီး ထိုင်ဝမ်နိုင်ငံသို့ ဦးတည်ပြီးဆက်လက်ရွေ့ လျားလျက်ရှိပါတယ်။လတ်တလောမှာတော့ တစ်နာရီလျှင် (၁၄-၁၈ကီလိုမီတာ)နှုန်းဖြင့်ရွေ့ လျားနေပါတယ်။မူလက ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းကိုဖြတ်တိုက်မည့် (爆頭颱)အဖြစ်မှ အနည်းငယ်လမ်းကြောင်းပြောင်းသွားတာမို့  ထိုင်ဝမ်နိုင်ငံအလယ်ပိုင်းကိုဖြတ်သွားနိုင်မည့် (穿心颱)အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံကို တိုက်ရိုက်ဖြတ်သန်းမည့်မုန်တိုင်းဖြစ်ခဲ့လျှင်တော့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ဖြတ်သန်းမည့်ဒေသတွင် လေပြင်းအဆင့်(၁၇)အထိတိုက်ခိုက်နိုင်ပြီးမိုးကြီးရေလျှံပါဖြစ်ဖို့ များပါတယ်။ ထိုင်ဝမ်ကမ်းခြေစောင့်တပ်မှ ယခုအခါ ကမ်းခြေဒေသများတွင် အသွားအလာပိတ်ဆို့ ထားပြီး ငါးဖမ်းသင်္ဘောများအပါအ၀င်ရေယာဉ်များအား အ၀င်အထွက်စတင်ကန့် သတ်လျက်ရှိပါတယ်။ ထိုင်ဝမ်နိုင်ငံတကာလေဆိပ်မှာ ပြည်တွင်းပြည်ပ လေယာဉ်အ၀င်အထွက်ကိုလည်း ယနေ့ ညနေပိုင်းမှစတင်ပြီးစတင်ရပ်ဆိုင်းထားဖို့ ရှိပါတယ်။
အန္တရာယ်ဖြစ်နိုင်သည့် တောင်ပေါ်ဒေသ၊ပင်လယ်ကမ်းနားဒေသများရှိပြည်သူများအား ဘေးလွတ်လုံခြုံရာနေရာများသို့ ကြိုတင်ရွေ့ ပြောင်းစေပြီး သက်ကြီးရွယ်အိုများ၊သွားလာရအဆင်မပြေသူများကိုမူ ဒေသန္တရအာဏာပိုင်များမှ အစိုးရစာကြည့်တိုက်များ၊စာသင်ကျောင်းများသို့ တိုက်ရိုက်ပြောင်းရွှေ့ ပေးပြီးမုန်တိုင်းကာလအတွင်းနိုင်ငံတော်မှထောက်ပံသောအစားအစာများနှင့် ယာယီနေထိုင်စေပါတယ်။
*** အဆင့်(၁၇)လေပြင်းဟာ တစ်နာရီလျှင် (၂၀၀-၂၂၀ကီလို)နှုန်းတိုက်ခတ်သည့်လေပြင်းနှင့်အလားတူပြီး နားလည်လွယ်အောင်ပမာဏဆိုရပါက ဓါတ်တိုင်တစ်တိုင်အားလွယ်ကူစွာပြိုလဲနိုင်စေသည့်လေပြင်းမျိုးဖြစ်ပါတယ်။
Dr.Myo Tun
အင်အားကြီး မုန်တိုင်းကြီး ထိုင်ဝမ်နိုင်ငံအရှေ့ ပိုင်းသို့  ဆက်လက်ဦးတည်လာနေ
Reviewed by SwaiSon
on
3:32 AM
Rating:
No comments