Head & shoulders ၏ ပင်တိုင်မော်ဒယ်သစ်တစ်ဦးဖြစ်လာခဲ့သူ ဒါရာ
=============================================
ကေပေါ့ပ် 2NE1 အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးသံရှင်ဒါရာသည် အမေရိကန်နိုင်ငံထုတ် အလှကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် Head & shoulders ၏ ပင်တိုင်မော်ဒယ်သစ်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ၄င်းသည် ယခု ရက်သတ္တပတ်အတွင်း ပရိုမိုးရှင်းပွဲနှင့် ပရိသတ်တွေ့ဆုံပွဲများ ကျင်းပရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
''ဒါရာဟာ ယခုတစ်ပတ်အတွင်း H&S Brand ရဲ့ ပရိုမိုးရှင်းပွဲအတွက် ထိုင်းကိုသွားပါမယ်။ နောက်ပြီး ဇွန် ၂၄ ရက်မှာ ဗန်ကောက်မြို့မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခု ကျင်းပပါမယ်''ဟု ဒါရာ၏ ပရိသတ်များ အတွက် ရည်ရွယ်တည်ထောင်ထားပြီး ၄င်း၏ သတင်းအချက်အလက်နှင့် လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးနေသည့် အင်တာနက် စာမျက်နှာတစ်ခုတွင် ဖော်ပြထားသည်။
တေးသံရှင် ဒါရာသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်းက အခြားသော အလှကုန်ပစ္စည်းများ၏ မော်ဒယ်တစ်ဦးအဖြစ် အာရှနိုင်ငံအချို့သို့ သွားရောက်ကာ ပရိုမိုးရှင်းပွဲများ ကျင်းပခဲ့သည်။ တောင်ကိုရီးယားနွယ်ဖွား မင်းသမီးတစ်ဦးဖြစ်သော်လည်း ဖိလစ်ပိုင်တွင် ကြီးပြင်းလာခဲ့သူ ဒါရာသည် ယခုလက်ရှိတွင် ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖြစ်သည့် One More Happy Ending တွင် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
မျိုးစန္ဒာမောင်
Ref: မြဝတီ
Head & shoulders ၏ ပင်တိုင်မော်ဒယ်သစ်တစ်ဦးဖြစ်လာခဲ့သူ ဒါရာ
Reviewed by SwaiSon
on
8:39 AM
Rating:
No comments