ပါးရိုက်ရင် နားပြန်ကိုက်တတ်တဲ့ ထိုင်းစစ်အာဏာရှင်တွေ ဇာတိပြ



ထိုင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေလည်း တန်းတူအခွင့်အရေး ရရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြီး၊ တောင်းဆိုပြီးသကာလ၊ မဲဆောက်မြို့ နေရာအတော်များများမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သားတွေကို ထိုင်းအာဏာပိုင်တွေ စတင်ဒုက္ခပေးနေပါပြီ။ ဖမ်းနေ ပြန်ပို့နေပါပြီ၊ မြ၀တီမြို့က လူပွဲစား ပြန်ပေးဆွဲ ပိုက်ဆံတောင်းတဲ့ ဖားခြောက်ကောင်ဂိတ် ကရင်ပြည်နယ် နယ်ခြားစောင့် BGF တွေလက်ထဲ အရောက်ပို့နေပါပြီ။ 

တချို့ထိုင်းလူမှုကွန်ယက်တွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ဆိုချက်တွေအပေါ် ဝေဖန်တိုက်ခိုက်တာ ဆဲဆိုမျိုးတွေအထိ ရှိလာတာကို တွေ့နေရပါတယ်။ မြန်မာအလုပ်သမားတွေ အခွင့်တန်းတူလိုချင်ရင် အလုပ်သမားတွေ အနေနဲ့ ထိုင်းတွေလို အခွန်ဆောင်ရမယ်လို့ ထိုင်းလူမှုကွန်ယက်တွေမှာ ပြောလာတာကိုလည်း တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ အနိမ့်ဆုံး လုပ်ခ နေ့စားတရက်ကို ဘတ် ၃၀၀ ရ ရမယ်လို့ ၀န်ကြီးချုပ် ယင်လပ် လက်ထက်က သတ်မှတ်ခဲ့တယ်။ ဒီသတ်မှတ်ချက်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်လည်း အကြုံးဝင်ခဲ့တယ်။ ဒါပေ့မယ့် ဒီအခွင့်အရေးကို မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ အခုချိန်ထိ မခံစားရသေးပါ။ ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသမှာ ဆိုရင် အများဆုံးရတဲ့ နေ့စားခဟာ ဘတ် ၂၀၀ နီးပါးဖြစ်ပါတယ်။ ဒါလည်း အနည်းစုပါ၊ မဲဆောက်ဒေသထဲက မြန်မာအလုပ်သမားအများစုဟာ နေ့စားခ ဘတ်ငွေ ၁၂၀ ၊ ၇၀ နဲ့ လုပ်ကိုင်နေ နေကြရတုန်း ဖြစ်ပါတယ်။

ဓါတ်ပုံ AEC

(ဇွန် ၂၅ ရက်နေ့ မဲဆောက်နဲ့ ဖုတ်ဖရ ဒေသက ပုံတွေဖြစ်ပါတယ်)

Credit to Yamoun Nar
ပါးရိုက်ရင် နားပြန်ကိုက်တတ်တဲ့ ထိုင်းစစ်အာဏာရှင်တွေ ဇာတိပြ ပါးရိုက်ရင် နားပြန်ကိုက်တတ်တဲ့ ထိုင်းစစ်အာဏာရှင်တွေ ဇာတိပြ Reviewed by SwaiSon on 7:06 PM Rating: 5

No comments