ကူးစက် ရောဂါရှိလျှင် အရောင်ပြောင်းသွားမယ့် ကွန်ဒုံးကို ကျောင်းသားသုံးဦး တီထွင်
==================================================
လိင်မှတစ်ဆင့်ကူးစက်တတ် တဲ့ရောဂါရှိတယ်ဆိုရင် အရောင် ပြောင်းသွားမယ့် ကွန်ဒုံးတစ်မျိုး ကို ဆယ်ကျော်သက်ကျောင်းသားသုံးဦး က ပူးပေါင်းတီထွင်ခဲ့ကြတယ်လို့ သိရပါ တယ်။
အဆိုပါကွန်ဒုံးအသုံးပြုသူဟာ ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါ ရှိနေမယ်ဆိုရင် ကွန်ဒုံးက အလွယ်တကူသိရှိပြီး အရောင် ပြောင်းသွားမှာဖြစ်ပါတယ်။
လန်ဒန်အရှေ့ပိုင်း အီစက်နယူ တန်အကယ်ဒမီမှာ တက်ရောက်နေကြတဲ့ ဆက်ကျော်သက် ကျောင်းသားသုံးဦးက ယင်းကွန်ဒုံးကိုတီထွင်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ မော့စ်နာဝက်ဇ်(၁၃နှစ်)၊ ချီ ရက်ဆက်ရှ်(၁၄နှစ်)နဲ့ အလီ(၁၄နှစ်)
တို့ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ပြန့်ပွားလျက်ရှိကြောင်း သူတို့သိလိုက်ရချိန်မှာ ဒါကိုတီထွင်ဖို့စိတ် ကူးညဏ် ရသွားခဲ့ကြတာဖြစ်ပါတယ်။ ဒီ ဆန်းသစ်မှုက ရာပေါင်းများစွာသောလူ တွေရဲ့အသက်ကို ကယ်နိုင်မယ်လို့ ယူဆ ပြီး ကွန်ဒုံးကို ဖန်တီးခဲ့ကြတာဖြစ်တယ်လို့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ဆက်ရှ်က ပြော ဆိုခဲ့ပါတယ်။
ယင်းကွန်ဒုံးကို အသုံးပြုတဲ့သူ တွေမှာ ရောဂါရှိတာ သိနိုင်ရုံတင်မကဘဲ သူ့ရဲ့အဖော်မှာပါ ရောဂါရှိမရှိကို ကွန် ဒုံးက သိနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
Ref: DailyMail, BBC, TIME
ကူးစက် ရောဂါရှိလျှင် အရောင်ပြောင်းသွားမယ့် ကွန်ဒုံးကို ကျောင်းသားသုံးဦး တီထွင်
Reviewed by SwaiSon
on
8:12 PM
Rating:
No comments