သာသနာ့ဘောင် အပြီးဝင်သွားတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ကျောင်းသားငယ်

  
ဇွန်လဆန်းပိုင်းမှာထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်ခဲ့ပြီးနောက်ပိုင်းမှာ အောင်မြင်သူတွေက ရှေ့ဆက်ရမယ့် အနာဂတ်လမ်းအတွက် စိတ်ကူးယာဉ်နေကြသလို ကျရှုံးတဲ့သူတွေကလည်း နောက်တစ်ကြိမ်ကြိုးစားဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် အများနဲ့မတူဘဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးလေးဘာသာနဲ့အောင်မြင်ခဲ့ပြီးနောက် သာသနာ့ဘောင်ကို အပြီးဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ကျောင်းသားငယ်တစ်ဦးလည်း ရှိခဲ့ပါတယ်။   အများသူငှာတွေလို လောကီတက္ကသိုလ်မတက်ဘဲ လောကုတ္တရာ တက္ကသိုလ်ကို တစ်သက်လုံးတက်ရောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့သူကတော့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်က မောင်သက်ဦးဆွေပဲ ဖြစ်ပါတယ်။ ငယ်စဉ်က နွေရာသီကျောင်းပိတ်ရက်တွေမှာ သာသနာ့ဘောင် ခေတ္တ၀င်ရောက်တဲ့အချိန်မှာ ဆရာတော်၊ သံဃာတော်တွေရဲ့ ဆိုဆုံးမမှုကြောင့် သာသနာ့ဘောင်ထဲကို အပြီးဝင်ရောက်ဖို့ မိဘတွေကို ပူဆာခဲ့ပေမယ့် ငယ်ရွယ်သေးတာကြောင့် ဆယ်တန်းအောင်မြင်ပြီးမှပဲ ၀င်ရောက်ဖို့ြေ ဖာင်းဖျခဲ့ရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီးတဲ့နောက်မှာလည်း ငယ်စဉ်ထဲက စိတ်ရည်သန်ခဲ့တဲ့ သာသနာ့ဘောင်ကိုအပြီးဝင်ဖို့ ထပ်မံတောင်းဆိုခဲ့တာကြောင့် မိဘတွေကလည်း လိုက်လျောဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဇွန်လ ၂၀ ရက်နေ့မှာတော့ မောင်သက်ဦးဆွေက  ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဖားအောက်တောရမှာ သာသနာ့ဘောင်ဝင်ရောက်ခဲ့ပြီး ဖားအောက်တောရ ဆရာတော်ကြီးကိုယ်တိုင် အသိအမှတ်ပြုပြီး သာသနာ့အလံကို ချီးမြှောက်ခဲ့တယ်လို့သိရပါတယ်။ Source & Photos : 7DayTV
သာသနာ့ဘောင် အပြီးဝင်သွားတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ကျောင်းသားငယ် သာသနာ့ဘောင် အပြီးဝင်သွားတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ကျောင်းသားငယ် Reviewed by SwaiSon on 10:00 PM Rating: 5

No comments