သမ္မတ အိုဘားမားအား မွတ်စလင်ဟု အတိုက်အခံ လက်ယာယိမ်း Fox TV မှ ထပ်မံ စွပ်စွဲ


****************************************

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ခန့်က ညီအစ်ကို ၀မ်းကွဲတစ်ဦး၏ မင်္ဂလာဆောင်တွင် မွတ်ဆလင်တစ်ဦးကဲ့သို့ ၀တ်ဆင်ထားသည့် ဓာတ်ပုံများအား ဖောက်စ်ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူ ဘီလ်အိုရယ်လီက မကြာသေးခင်က ထုတ်ဖော်ပြသခဲ့သည်။ ထိုဓာတ်ပုံများမှာ ယခင်က မြင်တွေ့ဖူးခြင်း မရှိသည့်ပုံများဖြစ်သည်။ 

ဓာတ်ပုံများ ရိုက်ကူးခဲ့သည့် နေရာအတိအကျကို အတည်ပြုရန် အလွန်ခက်ခဲသော်လည်း ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလတွင် မေရီလန်း ပြည်နယ်၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု အိုရယ်လီကဆိုသည်။ 

ယင်းက သမ္မတအိုဘားမားအနေဖြင့် အစ္စလာမ်ဘာသာနှင့် နက်ရှိုင်းစွာ ဆက်နွှယ်မှုရှိခဲ့သဖြင့် အကြမ်းဖက်သမားများအား ထိရောက်စွာ တိုက်ခိုက်မှုမပြုခြင်းဖြစ်သည်ဟု အိုရယ်လီက ပြောကြားခဲ့သည့် အစီအစဉ်တွင် ထိုဓာတ်ပုံများအား ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

အိုဘားမားသည် အမေရိကန်နိုင်ငံသူ မိခင်နှင့် ကင်ညာနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူ ဖခင်တို့မှ မွေးဖွားခဲ့ကာ ဟာဝိုင်ယီတွင် ကြီးပြင်းခဲ့သူဖြစ်သည်။ အိုဘားမား အသက် ၂ နှစ်အရွယ်တွင် ဖခင်က မိသားစုအား စွန့်ခွာသွားခဲ့သည်။ မိခင်ဖြစ်သူက အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးနှင့် နောက်အိမ်ထောင်ပြုခဲ့ပြီးနောက် အိုဘားမားသည် မွတ်ဆလင် အများစုနိုင်ငံ အင်ဒိုနီးရှားတွင် လေးနှစ်ကြာ နေထိုင်ခဲ့သည်။ 

အိုဘားမားက ယင်း၏ ငယ်ဘ၀ အတွေ့အကြုံနှင့် ပတ်သက်၍ “ကျွန်တော်ဟာ အင်ဒိုနီးရှား ကလေးတစ်ဦးအဖြစ်၊ ဟာဝေယံ ကလေးတစ်ဦးအဖြစ်၊ လူမည်းကလေးတစ်ဦးအဖြစ်နဲ့ လူဖြူကလေးတစ်ဦး အဖြစ်ပါ ကြီးပြင်းခဲ့ရတာပါ။ ဒါကြောင့် ယဉ်ကျေးမှုပေါင်းစုံ ထိတွေ့မှုက ဘာတွေ အမျိုးရှိစေတယ်ဆိုတာ ကျွန်တော် သိပါတယ်” ဟု ပြောကြားခဲ့သည်။

အိုဘားမားသည် အင်ဒိုနီးရှားတွင်နေစဉ် ခရစ်ယာန်နှင့် မွတ်ဆလင်ကျောင်း နှစ်မျိုးလုံး တက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် အိုဘားမားသည် ဟာဝိုင်ယီရှိ အဘိုးအဘွားများနှင့်အတူ သွားရောက်နေထိုင်ခဲ့သည်။ ဘာသာရေး လိုက်စားခြင်းမရှိသည့် အဘိုးအဘွားတို့က အိုဘားမားအား လောကီသီးသန့် ယဉ်ကျေးမှုဖြင့် ကြီးပြင်းစေခဲ့သည်ဟု ဆိုသည်။

The Ladies News
သမ္မတ အိုဘားမားအား မွတ်စလင်ဟု အတိုက်အခံ လက်ယာယိမ်း Fox TV မှ ထပ်မံ စွပ်စွဲ သမ္မတ အိုဘားမားအား မွတ်စလင်ဟု အတိုက်အခံ လက်ယာယိမ်း Fox TV မှ ထပ်မံ စွပ်စွဲ
Reviewed by SwaiSon on 6:37 AM Rating: 5

No comments