နေ့ခင်းကြောင်တောင် သစ်ပင်ကို မဖွယ်မရာပြုသူရဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့
ဖလော်ရီဒါပြည်နယ်က မြို့တစ်မြို့မှာ အဝတ်မဲ့ လူတစ်ဦးဟာ သစ်ပင်တစ်ပင်ကို ပွေ့ဖက်နေတာကို လမ်းသွားလမ်းလာတွေ မြင်တွေ့ခဲ့ရပါတယ်။အဲဒီလို မဖွယ်မရာ ပြုလုပ်နေပုံကို ကားမောင်းလာသူတစ်ဦးက မြင်သွားပြီး ဗီဒီယို ရိုက်ယူထားခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ မုတ်ဆိတ်မွေးနဲ့လူတစ်ဦးဟာ သစ်ပင်ကို ဖက်ထားပြီး သူ့အဝတ်အစားတွေကိုတော့ ဘေးမှာ ပုံလျက်သား မြင်တွေ့ရပါတယ်။ စက္ကန့် ၃၀ သာ ကြာတဲ့ အဲဒီဗီဒီယိုဖိုင်ထဲမှာ အဆိုပါ အမျိုးသားက သစ်ပင်ကို ညစ်ညစ်ညမ်းညမ်း ပြုကျင့်နေတာကို အံ့သြဖွယ် မြင်တွေ့ရတာပါ။ အဲဒီဗီဒီယိုကို ဇူလိုင်လ ၂ ရက်နေ့မှာ LiveLeak မှာ တင်ခဲ့တာဖြစ်ပြီး ထိုလူက Flakka ဆိုတဲ့ မူးယစ်ဆေးကို သုံးစွဲထားပုံရတယ်လို့ လူအများအပြားက ထင်ကြေးပေးကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဖလော်ရီဒါပြည်နယ်မှာပဲ အမျိုးသားတစ်ဦး ယင်းကဲ့သို့ ပြုမုနေတာကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ဖူးပါတယ်။ ထိုလူတုန်းက Flakka မူးယစ်ဆေးကို အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်။
Source & Photos : Metro Duwun
Source & Photos : Metro Duwun
နေ့ခင်းကြောင်တောင် သစ်ပင်ကို မဖွယ်မရာပြုသူရဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့
Reviewed by SwaiSon
on
6:54 AM
Rating:
Reviewed by SwaiSon
on
6:54 AM
Rating:
No comments