အောင်ဘာလေထီပေါက်ပြီး လာမထုတ်သူ လစဉ် ရှိနေ


==============

ပြည့်ပြည့်၊ ရန်ကုန်၊ ဇွန်-၃၀

အစိုးရအောင်ဘာလေထီပေါက်ပြီး လာမထုတ်ယူသူ
များ လစဉ်ရှိနေသေးကြောင်း ပြည်တွင်းအခွန်များဦး
စီးဌာနအောင်ဘာလေသိန်းဆုဌာနခွဲမှ လက်ထောက်
ညွှန်ကြားရေးမှူးဦးကြည်ဆန်းကစံတော်ချိန်သို့ပြော
ဆိုသည်။
"ထီပေါက်ပြီးလာမထုတ်တဲ့သူတွေကလတိုင်းရှိတယ်။ 
အဓိကကတော့ကိုယ်ထီထိုးထားတာကိုမသိတာရယ်။ 
သတိမရတာရယ်။ နောက်တစ်ခုကတော့ ထီလက်
မှတ်ကို စနစ်တကျမသိမ်းဆည်းတာတွေ၊ ထီသေချာ
မတိုက်ဘဲဆိုင်ကတိုက်ပေးမယ်အထင်နဲ့နေနေတာ
တွေကြောင့် ထီပေါက်လို့ ပေါက်မှန်းမသိဘဲ လာမ
ထုတ်တာတွေများနေတာဖြစ်တယ်" ဟု ၎င်းက ရှင်း
ပြသည်။
အောင်ဘာလေသိန်းဆုပေါက်သူများသည် ပေါက်
သည့်လမှတစ်နှစ်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး 
တစ်နှစ်ကျော် သည့်သိန်းဆုများကို ပြည်သူ့ဘဏ္ဍာ
အဖြစ် သိမ်းဆည်းကြောင်း၊ မသိမ်းဆည်းမီတစ်လ
အလိုတွင်ပေါက်မဲနံပါတ်များကိုနိုင်ငံပိုင်သတင်းစာ
များမှတစ်ဆင့် ထပ်မံကြေညာကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မတိုင်မီလာရောက်ထုတ်ယူနိုင်သည့် 
အောင်ဘာလေထီနံပါတ်များတွင် ကျပ်သိန်း ၅၀၀ 
ဆုကြီးတစ်ဆု ပါဝင်နေကြောင်း သိရသည်။ လက်ရှိ
အချိန်တွင် ဆုကြေးငွေကျပ် သိန်း ၁၅၀၀ အထိချီး
မြှင့်သည့် ကျပ် ၂၀၀ တန်ထီလက်မှတ်များရောင်း
ချနေပြီးမကြာမီကာလအတွင်းဆုကြေးငွေကျပ်သိန်း
တစ်သောင်းချီးမြှင့်မည့်ကျပ် ၅၀၀ တန် ထီလက်
မှတ်နှင့် အီလက်ထရွန်နစ် ထီလက်မှတ်များကိုပါ 
ရောင်းချသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Credit: The Standard Time Daily News
အောင်ဘာလေထီပေါက်ပြီး လာမထုတ်သူ လစဉ် ရှိနေ အောင်ဘာလေထီပေါက်ပြီး လာမထုတ်သူ လစဉ်
ရှိနေ Reviewed by SwaiSon on 3:53 AM Rating: 5

No comments