မင်းပြား ရေကြီးမှုသတင်း


6.7.2016 
•••••••••••••••••••••••••••••••••

ဒီမနက်ပိုင်းမှာတော့ 
ရေက ကျမသွားသလို ထပ်လဲ မတိုးဘူး။
ဒီအတိုင်း ငြိမ်နေတယ် ၊
မိုးဆက်တိုက်ရွာရင်တော့
ထပ်တိုးလာမယ့်သဘောရှိတယ်။

ကျောင်းအုပ်ဆရာကြီးနဲ့ဆရာတွေက
မနေ့ကပဲ မင်းပြား ကမ်းနီကို သွားကြတယ်။
ဆရာမတွေလဲ ပန်းမြောင်းကို ရောက်သွားပြီ ။
ကိုယ့်သားသမီး(ကျောင်းသား)တွေကတော့
အခုဆို တောင်ပေါ်ကို ပြေးရောပေါ့ ။

တရွာလုံးအဓိအားထား သောက်နေရတဲ့
တပ်ရုံးသောက်ရေကန်လဲ မြုပ်သွားပြီ။
ကန်ဘောင်ရိုးတောင် မမြင်ရတောဘူး။
ကန်နားက အိမ်ကို မှတ်မိလို့သာ ကန်မြုပ်တာ
သိရတာ ။ 
နောက်ပိုင်းဆို ရေအတွက် မိုးရေကိုပဲ
အားထား သောက်ရလိမ့်မယ် ။

အမြန်ဆုံး ဒီရေတွေကျဆင်း
ရောဂါတွေ ကင်းရှင်းကြပါစေ.....

6/7/2016
Jagara Linkara (fb)မှကူးယူဖော်ပြသည်။
မင်းပြား ရေကြီးမှုသတင်း မင်းပြား ရေကြီးမှုသတင်း Reviewed by SwaiSon on 8:29 PM Rating: 5

No comments