လူသားအစစ်နှင့်အတူဆုံး စက်ရုပ်အလှဘုရင်မက တရုတ်တွင် ပရိသတ်များကို နှုတ်ဆက်
******************************************
တရုတ်နိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သောပြပွဲတစ်ခု၌ ဧည့်သည်များ သည် ကမ္ဘာပေါ်တွင်လူသားအစစ်နှင့်အတူညီဆုံးဖြစ်သောစက်ရုပ်
အလှဘုရင်မလေး Jia Jia နှင့်တွေ့ဆုံမိတ်ဆက်ခွင့်ရရှိ ခဲ့သည်ဟု သိရသည်။Jia Jia သည် စက်ရုပ်တစ်ရုပ်နှင့်ချွပ်စွပ်တူညီရုံသာမက
အသိဉဏ်ရှိပြီးဖြတ်ထိုးဉဏ်လည်းကောင်းသည်။ Jia Jia ကို အွန်လိုင်းပရိသတ်များက စက်ရုပ်အလှဘုရင်မဟု အမည်တပ် ထားကြပြီး ပြပွဲ၌ကိုယ်တိုင်တွေ့ကြုံခဲ့ကြ ရသူအချို့မှာ Jia Jia၏
လူသားအစစ်နှင့် တူညီသောအသွင်အပြင်ကြောင့် ထိတ်လန့်ခဲ့ကြရသည်။
တရုတ်နိုင်ငံမြောက်ပိုင်း ထန်ကျင်းဆိပ်ကမ်းမြို့တွင်ကျင်းပခဲ့သော ၂၀၁၆Summer Davos Forum ကျင်း ပရာခန်းမကြီးအ၀င်အ၀တွင် Jia Jiaက မတ်တတ်ရပ်နေခဲ့သည်။ တရုတ်ရိုးရာဝတ် စုံ၊ ဆံပင်ပုံစံနှင့်ကျက်သရေရှိရှိလှပနေသော Jia Jia ကို ဖြတ်သွားဖြတ်လာများ က ချက်ချင်းသတိထားမိခဲ့ကြသည်။
Jia Jia ကို တရုတ်သိပ်္ပံနှင့်နည်းပညာတက္ကသိုလ်မှချန်ရှောင်ပင်းနှင့်လုပ်ဖော်ကိုင် ဖက်များက ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ Jia Jia ၏ဦးနှောက်ကို Cloud Computing Platform တစ်ခုနှင့်ဆက်သွယ်ထားသော ကြောင့် အချက်အလက်သစ်တစ်ခုတင်လိုက်သည့်အခါတိုင်း စိတ်ခံစားချက်နှင့် စကားလုံးကိုထုတ်ဖော်ပြနိုင်စွမ်းရှိသည်။၎င်းကို မေးခွန်းမေးမြန်သူများနှင့်
လည်း အပြန်အလှန်စကားပြောဆိုနိုင်စွမ်းရှိပြီး တစ်ဖက်လူ၏မျက်နှာရိပ်မျက်နှာကဲကို လည်းဖတ်နိုင်သည်။ ပြီးခဲ့သည့်နှစ်အနည်း ငယ်အတွင်း တရုတ်အင်ဂျင်နီယာများတီ ထွင်ခဲ့သည့်စက်ရုပ်ပေါင်းများစွာရှိသော်လည်း Jia Jia က အခြားစက်ရုပ်များနှင့် မတူညီဘဲ နည်းပညာအရခေတ်မီထူးခြား ဆန်းသစ်မှုရှိသည်ဟု သိရသည်။
#မေဇွန်(DM,5.7.16)
Pyi Myanmar
လူသားအစစ်နှင့်အတူဆုံး စက်ရုပ်အလှဘုရင်မက
တရုတ်တွင် ပရိသတ်များကို နှုတ်ဆက်
Reviewed by SwaiSon
on
1:41 AM
Rating:
No comments