ရုရှားအနောက်မြောက်ဒေသ ရိုးရာချစ်သူများနေ့တွင် ကွာရှင်းပြတ်စဲခွင့်တင်ခြင်း တရားရုံးခွင့်မပြု
-------------------------
ဇူလိုင်လ ၈ ရက်နေ့ဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ဒေသရိုးရာ ချစ်သူများနေ့ ဖြစ်ပါတယ်။ ဒါကြောင့် ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်တာတွေကို အဲဒီနေ့မှာ ဖောင်တင်တာကို ခွင့်မပြုဘူးလို့ သတ်မှတ်ထားပါတယ်။ နော့ဗ်ဂိုရော့ဒ် ဒေသက အရာရှိတွေဟာ ထိုနေ့မှာ ထိမ်းမြားလက်ထပ်လိုသူတွေကိုပဲ အလုပ်လုပ်ပေးပြီးတော့ ကွာရှင်းလိုသူတွေကိုတော့ လက်မခံပါဘူးလို့ The Tass သတင်းတစ်ရပ်က ပြောကြားထားပါတယ်။ ထိုနေ့ကို ပီတာနဲ့ ဖာဗရိုးနီးယားနေ့လို့ သတ်မှတ်ထားကာ မိသားစု၊ မေတ္တာတရားနဲ့ သစ္စာရှိခိုင်မြဲမှုတို့ကို ဆင်နွှဲတာ ဖြစ်ပါတယ်။ ရုရှားရိုးရာမှာတော့ ကံကောင်းတဲ့ ရက်ရာဇာဖြစ်ပြီး ထိုနေ့မှာ လက်ထပ်ကြပါသတဲ့။
စိန့်ပီတာနဲ့ ဖာဗရိုးနီးယားတို့ဟာ အော်သိုဒေါက်စ်ရိုးရာ လက်ထပ်ထိမ်းမြားမှုတွေကို စောင့်ကြပ်တယ်လို့ ယုံကြည်ကြပြီး ၂၀၀၈ ခုနှစ်ကတည်းက ထိုနေ့ဟာ အားလပ်ရက်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒီနှစ်ပွဲတော်ကို နော့ဗ်ဂိုရော့ဒ် ဒေသမှာ ကြီးကြီးကျယ်ကျယ် ကျင်းပပြီးတော့ ပွဲလမ်း ၃၀၀ လောက်ရှိပါသတဲ့။
ကပွဲသဘင်တွေ၊ လူအုပ်စုချီတက်တာတွေနဲ့ စက်ဘီး၊ ဆိုင်ကယ်စီးပွဲတွေ ရှိပြီးတော့ မိသားစုတွေ အတူဆင်နွှဲကြဖို့ ရည်ရွယ်ပါသတဲ့။ အိမ်ထောက်သက် ၂၅ နှစ်နဲ့ အထက် စုံတွဲတွေကို မေတ္တာတရားနဲ့ မြဲမြံမှုဆိုင်ရာ ဆုတံဆိပ်တွေကို ဒေသအာဏာပိုင်တွေက ပေးအပ်ကြပါတယ်။ ကလေးလေးယောက်ကနေ ခုနစ်ယောက်အထိရတဲ့ စုံတွဲတွေကို ချီးမြှင့်ဂုဏ်ပြုတာတွေလည်း လုပ်ကြပါတယ်။
The Voice
ရုရှားအနောက်မြောက်ဒေသ ရိုးရာချစ်သူများနေ့တွင် ကွာရှင်းပြတ်စဲခွင့်တင်ခြင်း တရားရုံးခွင့်မပြု
Reviewed by SwaiSon
on
7:55 PM
Rating:
No comments