ချစ်တင်းနှောဖို့ ငြင်းဆန်တဲ့ အမျိုးသားကို အမျိုးသမီးတစ်ဦးက ပုဆိန်နဲ့ခုတ်  



လိင်မှုကိစ္စတွေဟာ လူအချို့ကို ဆင်ခြင်နိုင်စွမ်း မဲ့သွားအောင် လုပ်နိုင်စွမ်းရှိကြောင်း သက်သေပြနေတဲ့ ဖြစ်ရပ် အမေရိကမှာ ဖြစ်ပွားခဲ့တာပါ။ ဖလော်ရီဒါမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးရဲ့ ကျားအင်္ဂါကို ပေါက်ဆိန်အငယ်စားတစ်လက်နဲ့ တိုက်ခိုက်လိုက်တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ သူမနဲ့ ချစ်တင်းနှောဖို့ ငြင်းဆန်ခဲ့တဲ့ အမျိုးသားကို အဆိုပါအမျိုးသမီးက တိုက်ခိုက်ခဲ့တာဖြစ်လို့ ပိုလို့တောင် ထူးဆန်းနေပါသေးတယ်။ လက်စလေမီးလ်လို့ခေါ်တဲ့ သူမဟာ အသက် ၂၆ နှစ်အရွယ်ရှိသူဖြစ်ပြီး ညဘက်အပြင်ထွက် အရက်သောက်ပြီး ပြန်လာချိန်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ သူမရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ အမျိုးသားနဲ့ သူမ ပတ်သတ်မှု ဘယ်လိုရှိကြောင်းကိုတော့ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ အဆိုပါအမျိုးသားဟာ သူမနဲ့ အိပ်ဖို့ ငြင်းဆန်ခဲ့လိုက်တဲ့ အချိန်မှာပဲ သူမက ပြင်းပြင်းထန်ထန် လိုက်လံ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တံခါးပိတ်ပြီး သူမရဲ့ရန်က လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကို သူမက ဧည့်ခန်းမှာ အလှချိတ်ဆွဲထားတဲ့ ပေါက်ဆိန်ယူလာပြီး ကျားအင်္ဂါကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရမရခဲ့ပေမယ့် အဆိုပါအမျိုးသားက နောက်ပိုင်းမှာ ရဲခေါ်လိုက်ပြီး တိုင်ချက်ဖွင့်လိုက်ပါတယ်။

Source : Daily Mail 

ချစ်တင်းနှောဖို့ ငြင်းဆန်တဲ့ အမျိုးသားကို အမျိုးသမီးတစ်ဦးက ပုဆိန်နဲ့ခုတ်   ချစ်တင်းနှောဖို့ ငြင်းဆန်တဲ့ အမျိုးသားကို အမျိုးသမီးတစ်ဦးက ပုဆိန်နဲ့ခုတ်   Reviewed by SwaiSon on 8:38 AM Rating: 5

No comments