သမီးအရင်းအား ဖခင်ဖြစ်သူမှ ဓါးထောက်မုဒိန်းကျင့်မှုဖြစ်ပွား


ပဲခူးမြို့နယ်၊အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊ ရေစက်ပိုင်၊မဲခုံကျေးရွာ၊ပဲခူးမြို့နယ်တွင်သားမယား အဖြင့်ပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယနေ့(၃၀.၆.၂၀၁၆)နေ့မှ လာရောက်အမှုဖွင့်တိုင် ကြားမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မ---- ရေခပ်ချော်လဲပြီး မိန်းမကိုယ်အတွင်း မှ သွေးများထွက်နေသည်ကိုပတ်ဝန်းကျင်မှ ကိုယ်ဝန်ရှိ၍ ကိုယ်ဝန်ပျက်ကျကြောင်း ပြောသဖြင့် မ----အားမေးမြန်းရာ လွန်ခဲ့သော(၃)လခန့်က ဖခင်အရင်းဖြစ်သူ ဝေလု(ခ)ဖိုးဆင်(၃၈)နှစ်၊(ဘ) ဦးခင်မောင်ဝင်း၊ကယ်ရီမောင်း၊ရေစက်ပိုင်းကျေးရွာ ပဲခူးမြို့နယ်နေသူမှမှာ အရက်သောက်စားပြီး အရိုးအသွား(၆)လက္မခန့်ရှိ ဓါးအားကိုင်ဆောင်၍ ခြိမ်းခြောက်ခဲ့ကာ သားမယားဖြင့်(၂)ခါပြုကျင့်ပြီး လေးငါးရက်ခန့်အကြာတွင်တစ်ကြိမ် ထပ်မံပြုကျင့်ခဲ့ ကာစုစုပေါင်း(၃)ကြိမ် သားမယားပြုကျင့်ခဲ့ကြာင်းပြော ကြားခဲ့၍ သိရှိရသဖြင့် စခန်းသို့မိခင်ဖြစ်သူဒေါ်မာမာဝင်း မှ သမီးအရင်းအားသားမယားအဖြင့်ပြုကျင့်သူ ဖခင်အရင်းဖြစ်သူ ဝေလု(ခ)ဖိုးဆင်အားအရေးယူပေး ပါရန်တိုင်ကြားသဖြင့်စခန်းမှ (ပ)၂၉၃/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၇၆ အရအမှုဖွင့်အရေးယူထားကြောင်းနှင့် တရာခံမှာထွက်ပြေးတိမ်းရှောင်သွားသဖြင့်လိုက်လန် ဖမ်းဆီးနေကြောင်းသတင်းရရှိပါသည်။

Credit -


သမီးအရင်းအား ဖခင်ဖြစ်သူမှ ဓါးထောက်မုဒိန်းကျင့်မှုဖြစ်ပွား သမီးအရင်းအား ဖခင်ဖြစ်သူမှ ဓါးထောက်မုဒိန်းကျင့်မှုဖြစ်ပွား Reviewed by SwaiSon on 12:19 AM Rating: 5

No comments