သစ်ပင်တူးရာကတဆင့် အမြစ်အောက်ခြေမှ ရှေးဟောင်းပစ္စည်းများ တွေ့
=================================
ကောင်းဇင်
မုံရွာl ဇွန်-၃၀
ကနီမြို့နယ်မှ တောင်သူတစ်ဦးသည် ၄င်း၏ ယာခင်းရှိ သစ်ပင်တူးရာကတဆင့် အမြစ်အောက်ခြေတွင် ရှေးဟောင်းပစ္စည်းများ တွေ့ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးl ယင်းမာပင်ခရိုင်l ကနီမြို့နယ် ခုံကြီးကျေးရွာနေ တောင်သူတစ်ဦးက ဇွန်လ(၂၂)ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်ယာထဲမှာရှိတဲ့ သစ်ပင်ကြီးကို ဘတ်ဖိုးနဲ့ တူးတယ်။ပြီးတော့ သစ်ပင်ကို ဖယ်ရှားရာကနေ အခုလို ရှေးဟောင်းပစ္စည်းတွေ တွေ့ခဲ့ရတာပါ"ဟု အဆိုပါ တောင်သူကြီးက ချင်းတွင်းဂေဇက်ကို အတည်ပြုပြောသည်။
ရှေးဟောင်းပစ္စည်းများတွင် ကြေးချိန်ခွင်(၄)လက်l ကွမ်းအစ်တစ်ခုl ခြင်္သေ့ ရုပ် (၄)ကောင်lခေါင်းလောင်းအသေးတစ်လုံးl ချူများနှင့် အမည်မသိပစ္စည်းများ ပါရှိသည်။
Monyaw Gazette
သစ်ပင်တူးရာကတဆင့် အမြစ်အောက်ခြေမှ ရှေးဟောင်းပစ္စည်းများ တွေ့
Reviewed by SwaiSon
on
6:09 AM
Rating:
No comments