မီလျံနာနဲ့ လက်ထပ်လိုက်တဲ့ မော်ဒယ်မလေးရဲ့ ဒေါ်လာတစ်သန်းတန် မင်္ဂလာပွဲ


မော်ဒယ်မလေးက အသက် ၂၆ နှစ်ဖြစ်ပြီး အသက် ၆၂ နှစ်အရွယ် မီလျံနာနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
 
ဂျက်စတင်ဘီဘာရဲ့ 'What Do You Mean?' သီချင်းဗီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မော်ဒယ် ဇီနီယာဒယ်လီဟာ သူမထက် ၃၆ နှစ်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးနဲ့ ခမ်းနားကြီးကျယ်စွာ မင်္ဂလာဆောင်လိုက်တာပါ။

Victoria Secret မောဒယ်၊ ပလေးဘွိုင်းမျက်နှာဖုံးရှင်နဲ့ 'What Do You Mean?' သီချင်းထဲမှာ အဓိက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမဟာ အသက် ၆၂ နှစ်အရွယ် အော့စမာ ဖက်သီ ရာဘာ အယ်လ်ရှာရစ်နဲ့ ဂရိထိပ်တန်းရီဆော့တစ်ခုမှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
  
ပင်လယ်ပြင်ကြီးကို အပေါ်စီးက မြင်တွေ့ရတဲ့ မင်္ဂလာပွဲကြီးကို မြင်းလှည်းနဲ့ ရောက်လာတဲ့ ဇီနီယာကို ကြည့်ရတာ ပုံပြင်တစ်ပုဒ် အမှန်တကယ် ဖြစ်လာသလိုပါပဲ။
  
ဒေါ်လာ တစ်သန်းသုံးစွဲခဲ့တဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ အဲဒီမင်္ဂလာဆောင်ကို ဧည့်သည် ၁၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။

Source & Photos : Hollywoodlife
Duwun
မီလျံနာနဲ့ လက်ထပ်လိုက်တဲ့ မော်ဒယ်မလေးရဲ့ ဒေါ်လာတစ်သန်းတန် မင်္ဂလာပွဲ မီလျံနာနဲ့ လက်ထပ်လိုက်တဲ့ မော်ဒယ်မလေးရဲ့ ဒေါ်လာတစ်သန်းတန် မင်္ဂလာပွဲ

Reviewed by SwaiSon on 12:28 AM Rating: 5

No comments