လူသားမျိုးစိတ်ထက် နှစ်ပေါင်း ၂၅ သန်း ခန့်စောသော ခြအသိုက်တွေ့ရှိ
တန်ဇန်းနီးယန်း ၊ ဇွန် ၂၇
ခြများသည် လူသားမျိုးစိတ်ထက်နှစ်ပေါင်း ၂၅ သန်းခန့် စော၍ ကမ္ဘာပေါ်တွင်တည်ရှိနေသည်ကိုသက်သေခံနိုင် သည့် နှစ်ချို့ခြ အသိုက်တစ်ခုအား တန်ဇန်းနီးယန်း နိုင်ငံတွင်တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ခြအသိုက်၏ သက်တမ်းမှာ လူသားမျိုးစိတ်များမဖြစ်ပေါ်မှီ နှစ်ပေါင်း ၂၅ သန်း အထိ သက်တမ်းရှိနိုင်ကြောင်း Washington Post သတင်းစာတွင်ဖော်ပြထားသည်။
အဆိုပါခြအသိုက်တစ်ခုတည်းတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ နှစ်ချို့မှိုစိုက်ခင်း တစ်ခုအတွင်းခြအသိုက်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စိုက်ခင်း၏သက်တမ်းအား တန်ဇန်းနီးယန်း သိပ္ပံပညာရှင်များမှ လေ့လာဆဲဖြစ်ပြီး ခြအသိုက်၏ သက်တမ်းအရ မှိုစိုက်ခင်းသည် သည် ခြအသိုက်သက်တမ်းထက်နောက်ကျဖွယ်ရှိကြောင်း သိရသည်။ ခြများသည် မှိုများအား စားသုံးရင်း တည်ရှိနေခဲ့ပြီး မှိုခင်းပျက်စီး သွားပြီးသည့်နောက်တွင် ခြများ သေဆုံးကာ အသိုက်သာ ကျန်ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင် တစ်ဦး မှ ပြောကြားခဲ့သည်။
“မှိုနဲ့ခြဆိုတာအတွဲလိုလိုဖြစ်နေပါပြီ။မိုတွေကလည်း ခြတွေမှိုစားတိုင်းအစအနတွေကိုနေရာရွေ့ပေးသလိုဖြစ်ပြီး မျိုးကြဲသလိုဖြစ်နေတာပါ။ ခြတွေကို ကမ္ဘာ့ပထမဦးဆုံး လယ်သမားလို့တောင်ခေါ်နိုင်ပါတယ်။ မှိုတွေဟာ ခြတွေရဲ့ စိုက်ခင်းလို့တောင်ပြောရမလိုပါပဲ ။ မှိုခင်းတွေ တိုင်း မှာခြတောင်ဖို့ တွေ အမြဲတွေ့နေရပါတယ်” ဟု တန်ဇန်းနီးယန်း ရှာဖွေရေးအဖွဲ့ဝင် တစ်ဦးမှပြောကြားခဲ့သည်။ လူသားမျိုးစိတ်မပေါ်ထွက် အချိန်များတွင် သစ်သီးဝလံများကို စားသုံး၍အသက်ဆက်လျက်ရှိသော သက်ရှိ များထဲ၌ ခြများပါဝင်ကြောင်း သိပ္ပံပညာရှင်များ၏လေ့လာချက်အရသိရပါသည်။
Ref: The Verge
လူသားမျိုးစိတ်ထက် နှစ်ပေါင်း ၂၅ သန်း ခန့်စောသော ခြအသိုက်တွေ့ရှိ
Reviewed by SwaiSon
on
3:28 AM
Rating:
No comments