ငပလီမှာ ပျော်နေတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုကတော့ ဒီနှစ်သင်္ကြန် မိသားစုနဲ့အတူ ငပလီကို ခရီးထွက်နေပါတယ်။

တစ်ဖြည်းဖြည်းနဲ့အရွယ်ရောက်လာတော့ သင်္ကြန်ကို မလည်ချင်တော့ဘူးလို့ ပြောထားတဲ့ ပိုင်ဖြိုးသုကတော့ ငပလီမှာတော့ ကလေးတစ်ယောက်လို ပျော်ရွှင်လို့နေပါတယ်။

ငပလီ စစရောက်ချင်းမှာဘဲ ဖျားနေတာကြောင့် မနက်တစ်ခေါက် ညတစ်ခေါက် ရေဆင်းကူးပြီး ဓာတ်ကြမ်းနည်းနဲ့ တိုက်လိုက်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

ငပလီမှာ ပျော်နေတဲ့ ဓာတ်ပုံတွေ အဆက်မပြတ် တင်ထားတဲ့ သူမကတော့ ပရိသတ်တွေ မျက်စိနောက်မှာစိုးလို့ ရန်ကုန်ပြန်ရောက်ရင် ငြိမ်ငြိမ်နေပါ့မယ်လို့လည်း ပရိသတ်တွေကို ကတိပေးထားပါတယ်။

ငပလီမှာ ပျော်နေတဲ့ ပိုင်ဖြိုးသု ငပလီမှာ ပျော်နေတဲ့ ပိုင်ဖြိုးသု Reviewed by swaison.com on 4:17 AM Rating: 5

No comments