ကျွန်တော်သိတဲ့ ခင်လှိုင်

မြန်မာကားမကြည့်တာကို

ကြွားစရာတစ်ခုလိုဂုဏ်ယူကြတဲ့ ဖေ့စဘွတ်ရပ်ဝန်းထဲမှာ. . .။


ခင်လှိုင်က အောက်လုံးတွေပြက်တယ်

ဒါပေမယ့် ကျွန်တော်ခင်လှိုင့်ကိုချစ်တယ်

ခင်လှိုင်က

မပြောသင့်တဲ့စကားအမှားတွေကို

ခံစားမှုလွန်ကဲပြီးဖောင်းတယ်

ဒါပေမယ့် ကျွန်တော်ခင်လှိုင့်ကိုချစ်တယ်။


မှန်တယ် မြန်မာကားတွေညံ့တယ်

ဒေါ်လာသန်းတစ်ရာ ရင်းထားတဲ့ကားနဲ့ယှဉ်ရင်

ဒေါ်လာငါးသောင်းရင်းထားတဲ့ကားက ညံ့နေဦးမှာပဲ

ညံ့တယ်ပြောတတ်ရုံနဲ့တော့

ဟောလိဝုဒ်မဖြစ်နိုင်ဘူးပေါ့

အဝေးပြေးကားပေါ်

အလကားကြည့်ရတဲ့ ခင်လှိုင်ကို

အခြေခံလူတန်းစားတွေ ဘဝအမောဖြေကြတယ်လေ

လီယိုနာဒိုမှ လက်လှမ်းမမီတာ။


ကျွန်တော်က ခင်လှိုင့်ကြောင့်

ပျော်ရွှင်ရယ်မောဖူးတာအကြိမ်ကြိမ်မို့

စိတ်ဖိစီးမှုက ထွက်ပြေးခွင့်ရဖူးလို့

ကျေးဇူးလည်းတင်တယ်

ခင်လှိုင့်နာကျင်မှုကို စာနာနိုင်ပါတယ်။


တစ်ကြိမ်တစ်ခါမှားတိုင်း လမ်းခွဲကြေးဆို

လက်တွဲမယ့်သူ ဘယ်ကျန်မှာလဲ

ခွင့်လွှတ်ခြင်း ချစ်ခြင်းမေတ္တာနဲ့

ကျေးဇူးတရားကို

ဒီလိုနေရာမှာမသုံးရင် ဘယ်မှာသုံးမလဲ

ခင်လှိုင့်ကို ဆက်လက်အားပေးမယ်

ဒီစာ ခင်လှိုင်ဖတ်မိအောင်

တစ်ယောက်ယောက်ပို့ပေးရင်

အကြိမ်ကြိမ်ကြိုးစားခွင့်ရှိသေးကြောင်း သူသိမှာသေချာပါတယ်။


စုမောင်မောင်



ကျွန်တော်သိတဲ့ ခင်လှိုင် ကျွန်တော်သိတဲ့ ခင်လှိုင် Reviewed by swaison.com on 3:21 AM Rating: 5

No comments